နိုင်ငံခြားရောက် ဖြူဖြူထွေးတစ်ယောက် တီးလုံးသံကြားပြီး မြို့လယ်ခေါင်မှာ ထကခဲ့တဲ့ Video

ပရိသတ်တွေ ကို ရယ်စရာဟာသ video လေးများ နဲ့ တင်ဆက်ပေးရင်း နာမည်ကြီးလာတဲ့ ဖြူဖြူထွေးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ ဝါသနာ အနပညာပိုးကြောင့် ခုဆိုရင် ကြော်ငြာများစွာ နဲ့ အနုပညာလှုပ်ရှားမှုများစွာ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့းပရိသတ်တွေအတွက် စင်္ကာပူရောက် ဖြူဖြူထွေးက တီးလုံးသံကြားပြီး ထကတဲ့ video File လေးကို ဖော်ပြပေးလိုက်ပါတယ်။

ဖြူဖြူထွေးက Online ပေါ်မှာ ရယ်စရာဟာသ video လေးတွေရိုက်ရင်း ကနေပရိသတ်တွေအားပေးမှုများလာပြီး ခုဆိုရင်အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင် အနုပညာအလုပ်တွေ လုပ်ကိုင်နေတာပါ။

ဖြူဖြူထွေးက သူမ ရရှိတဲ့ အနုပညာကြေးလေးနဲ့ မိဘများအတွက် တိုက်အိမ်လေး တစ်လုံးဆောက်လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက မိဘများအတွက် ဆောက်ပေးထားတဲ့ တိုက်အိမ်လေးကို အိမ်သစ်တက်ပွဲအလှူပြုလုပ်ပြီး ရွာ၃ရွာ မီးခိုးတိတ်ကျွေးမွေးခဲ့တာပါ။

 

ဒီတစ်ခါမှာတော့ ဖြူဖြူထွေး က စင်္ကာပူ နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ် ဖြစ်တာကြောင့် အရမ်းကို ပျော်ရွှင်နေတာပါ။

ဖြူဖြူထွေးက စင်္ကာပူမှာ လည်ပတ်ရင်း မြို့လည်ကောင်က တီးလုံးသံတွေကြားမှာ ဝင်ကခဲ့တာပဲ ဖြစ်ပါတယ်။စင်္ကာပူမှ လူအများကလည်း ဖြူဖြူထွေးရဲ့ ကပြမှုကို အားပေးနေကြတာတွေ့ရပါတယ်။

ဖြူဖြူထွေး ရဲ့ နိုင်ငံခြားမှာ ကခဲ့တဲ့ video file လေးကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတက်ရှိပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *