မြန်မာ့သိုင်းပြောင်းပြန်ကိုယ်လုံပညာနဲ့ Myanmar’s Got Talent 2019 Winnerကိုရယူသွားသူလေး

မြန်မာ့သိုင်းပြောင်းပြန်ကိုယ်လုံပညာကို အရွယ်နဲ့မလိုက်အောင် စွမ်းရည်ပြခဲ့ပြီး Myanmar’s Got Talent 2019 Winner ဆုကို ရရှိခဲ့တဲ့ ၅ နှစ်သားလေး ဘုန်းမြတ်မင်း

၅ နှစ်သားလေး ဘုန်းမြတ်မင်းရဲ့ ကစားဟန်တွေဟာ 2019 Globel Got Talent မှာ မျက်လုံးပြူးစရာအကောင်းဆုံး အန္တရာယ်ရှိသောစတန့်ပြနိုင်တဲ့ ကလေးပြိုင်ပွဲဝင် ၅ ဦးထဲမှာ မကြာသေးခင်ကရရှိထားခဲ့သူပဲဖြစ်ပါတယ်။

မနေ့က ဖိုင်နယ်လာရောက်မယှဉ်ပြိုင်ခင်လေးမှာတင် တုပ်ကွေးဖျားတာပျောက်ကာစ ၂ ရက်ပဲရှိနေခဲ့သလို ဒီပြိုင်ပွဲအတွက် ဆေး ၂ ချောင်းထိုးထားပြီး လာယှဉ်ပြိုင်ခဲ့တဲ့ အာဂချစ်စရာ ပါရမီရှင် သားလေးဖြစ်ပါတယ်။

သိုင်းပညာရှင်လေး ဖုန်းမြတ်မင်းဟာ Myanmar Got Talent 2019 ဗိုလ်လုပွဲတွင် တုတ်သိုင်း၊ ဓားသိုင်းစွမ်းရည်တို့အပြင် လူခန္ဓာကိုယ်ပေါ်တွင် သခွားသီးတင်၍ မျက်လုံးကို အဝတ်စည်းကာ ဓားဖြင့်ခုတ်ပြသည့် စွမ်းရည်များကို အရွယ်နှင့်မလိုက်အောင် ပြသနိုင်ခဲ့သည့်အတွက် ပရိတ်သတ် မဲပေးမှုအများဆုံးဖြင့် ပထမဆု ကျပ်သိန်း ၁၅ဝ ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

“ဆုရတဲ့ငွေတွေနဲ့ ဖေဖေမေမေတို့အတွက် အိမ်ဝယ်ပေးမယ်”ဟု Myanmar Got Talent 2019 Winner ဆုရှင် မောင်ဖုန်းမြတ်မင်းက ဆုလက်ခံရယူချိန်တွင် ပြောဆိုခဲ့ပါတယ်။

ဒီနှစ် Myanmar’s Got Talent 2019 အတွက် Winner အဖြစ် ထိုက်တန်စွာရရှိခဲ့တဲ့အတွက် အတိုင်းမသိဂုဏ်ယူပီတိဖြစ်ရသလို သားလေး ဘုန်းမြတ်မင်း တယောက် ကိုယ့်ရဲ့ပါရမီအစွမ်းအစတွေနဲ့ မြန်မာ့သိုင်းပြောင်းပြန် ကို ကမ္ဘာကပါသိအောင်လုပ်ပြပေးနိုင်ခဲ့တဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ယူပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *