G Fatt က အကောင်းဆုံးချစ်သူဖြစ်ခဲ့ပါတယ် ဆိုတဲ့နန်းဆု

ပရိသတ်​​တွေ အရမ်းချစ်​ကြတဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆု​ရတီစိုးကတော့ ရုပ်လေးလည်း နုသလို၊ နှလုံးသားလေးပါ နူးညံ့လွန်းတဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ နန်းဆုက စိုးရိမ်ရတဲ့ သူမရဲ့အချစ်ရေးအကြောင်းကို လူမှုကွန်ယက်မှာ အင်တာဗျူးဖြေဆိုပြီးနောက် ပရိသတ်တွေက သူတို့နှစ်ယောက် လမ်းခွဲသွားမလားဆိုပြီး အရမ်းကို စိတ်ပူနေခဲ့ကြတာပါ။ အချစ်ကြီးလွန်းသူလေး နန်းဆုကတော့ လတ်တလော အချစ်ရေးကြောင့် အရမ်းကို စိတ်ပင်ပန်းနေတာလည်း တွေ့ရပါတယ်နော်။

နန်းဆုကတော့”တစ်ယောက်နဲ့တစ်ယောက် အရမ်းကို အချစ်လွန်ပြီး စိတ်ညစ်စရာတွေ ပေးသလိုဖြစ်နေတယ်။ နန်းဆု အတွက် သူက အကောင်းဆုံး ချစ်သူဖြစ်ခဲ့ပါတယ်” လို့ လတ်တလော အချစ်ရေး အကြောင်းပြောလာခဲ့ပါတယ်။ နန်းဆုရဲ့ inyerview ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

 

နန်းဆုကတော့ လတ်တလောမှာ အချစ်ရေးကြောင့် စိတ်ညစ်နေရပေမယ့်လည်း ပွဲတွေဆက်တိုက်တက်ဖြစ်နေပြီး၊ သူမရဲ့အလုပ်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေကတောင် ချီးကျူးရသူလေးပါ။ ချစ်ပရိသတ်တွေလည်း နန်းဆုတစ်ယောက် ချစ်သူနဲ့ ငြိမ်းချမ်းရေးယူပြီး အရင်လို ကြည်နူးစရာ အချစ်ရေးလေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *