တစ်ပွဲတည်း (၄) ဂိုးအထိသွင်းယူပြီး ဘယ်သူမှ မရဖူးသေးတဲ့ နိုင်ငံတကာ ဂိုးသွင်းစံချိန်ကို ရရှိသွားခဲ့တဲ့ စီရော်နယ်ဒို

စံချိန်တွေ တစ်ခုပြီးတစ်ခု ရိုက်ချိုးပြနေတဲ့ စီရော်နယ်ဒိုဟာ နောက်ထပ်နိုင်ငံတကာဂိုးသွင်းစံချိန်ကောင်းတစ်ခုကို ရရှိသွားခဲ့ပြန်ပါပြီ။ လစ်သူယေးနီးယားနဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက အဝေးကွင်းမှာပဲ (၁-၅) ဂိုးဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီဟာ အဲဒီပွဲမှာ လစ်သူယေးနီးယားကို တစ်ဖက်သတ်ကစားပြီး ပြတ်ပြတ်သားသား အလဲထိုးသွားနိုင်ခဲ့တာပါ။

အထူးသဖြင့် အဲဒီပွဲစဉ်မှာ အဓိကတိုက်စစ်မှူးစီရော်နယ်ဒိုက အထူးခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ အဲဒီပွဲစဉ်မှာ တစ်ဦးတည်း (၄) ဂိုးအထိ သွင်းယူသွားနိုင်ခဲ့ပြီး ပြောင်မြောက်လွန်းတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာပါ။

 

ဒါကြောင့် စီရော်နယ်ဒိုဟာ မတူညီတဲ့ နိုင်ငံလက်ရွေးစင်အသင်း (၄၀) ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ဟက်ထရစ် (၈) ကြိမ်အထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ အခုအခါမှာတော့ နိုင်ငံလက်ရွေးစင်ဂိုးပေါင်း (၉၃) ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့် လစ်သူယေးနီးယားနဲ့ပွဲစဉ်က စီရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *