တစ်ပွဲလုံးမှာ မြန်မာပရိသတ်တွေစိတ်လှုပ်ရှားစရာအဖြစ်ခဲ့ရဆုံး အောင်သူရဲ့အဝေးကန်ချက်

မြန်မာအသင်းနဲ့ ဂျပန်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲပြီးဆုံးချိန်မှာတော့ ဂျပန်အသင်းက အိမ်ရှင်မြန်မာကို (၂-၀) ဂိုးနဲ့ အနိုင်ရရှသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဂျပန်အသင်းဟာ မြန်မာကို အစစ၊ အရာရာ အသာစီးကနေ ကစားသွားနိုင်ခဲ့တာပါ။ မြန်မာအသင်းဟာ ပွဲစအပိုင်းမှာ စိုးရိမ်စိတ်လွန်ကဲနေခဲ့ပြီး ဘယ်လိုမှ တုံ့ပြန်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

 

ဒါကြောင့် ပထမပိုင်းတစ်ပိုင်းလုံးမှာ ဂျပန်အသင်းကပဲ ကွင်းတစ်ဝက်နီးပါးအထိ ဖိကစားပြီး ဂိုးတွေသွင်းယူသွားနိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းရဲ့ကစားပုံက လွတ်လပ်လာပြီး ပထမပိုင်းကထက် ပိုပြီး ရဲရဲတင်းတင်း ရှိလာခဲ့ပါတယ်။

ဒါကြောင့် ဒုတိယပိုင်းမှာ မြန်မာအသင်း ရှားရှားပါးပါး ကန်သွင်းခွင့်ရခဲ့ပါတယ်။ ဒီကန်ချက်ကို အောင်သူက ကန်သွားခဲ့တာဖြစ်ပါတယ်။ ရရှိတဲ့ပြစ်ဒဏ်ဘောကို လှိုင်ဘိုဘိုကနေ ပေးပို့တဲ့ဘောလုံးကို ဂိုးဧရိယာထိပ်နားမှာ အသင့်နေရာယူနေတဲ့ အောင်သူက ကန်သွင်းသွားခဲ့တာပါ။

ကံမကောင်းစွာနဲ့ အောင်သူရဲ့ကန်ချက်ဟာ ဂိုးသမားတည့်တည့်ရောက်ရှိသွားခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကန်ချက်ဟာ ဒီတစ်ပွဲလုံးမှာ မြန်မာပရိသတ်တွေ စိတ်လှုပ်ရှားစရာအဖြစ်ခဲ့ဆုံး အခိုက်အတန့်လို့ ဆိုရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *