HOME QUARANTINE (၁၄) ရက် ဝင်နေရတဲ့ နန္ဒာလှိုင် တို့မိသားစု

နန္ဒာလှိုင်တို့မိသားစုကတော့ Secondary Contact ဖြစ်ခဲ့တာကြောင့် Home Quarantine ဝင်နေရတာဖြစ်ပါတယ်။ နန္ဒာလှိုင်၏ ညီမဖြစ်သူ နွေးနွေးလှိုင်ရဲ့ ခင်ပွန်းဖြစ်တဲ့ ကိုငွေဇော်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့က ကိုဗစ်ရောဂါ ကုသမှုခံယူနေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အင်မတန်ကြောက်စရာကောင်းတဲ့ ကိုဗစ်ရောဂါဟာ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ကိုကူးစက်နေပြီဖြစ်ပါတယ်။ ရောဂါကူးစက်ခံရပြီးနောက်မှာလည်း အသက်ရှုလမ်းကြောင်းဆိုင် ရာပျက်စီးခြင်းတွေကြောင့် ရုတ်တရက်သေဆုံးနိုင်တဲ့အတွက် သတိထားဆင်ခြင်သွားလာနေထို င်ကြရမှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်နန္ဒာလှိုင်ရဲ့ ခဲအိုဖြစ်သူ ကိုငွေဇော်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်း အ တွင်းကမှ ဆေးစစ်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်အချိန်တွင်းမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ် ပါ တယ်။

ကျန်နေခဲ့တဲ့ သားသမီး ၃ ယောက်ကိုတော့ သရုပ်ဆောင် မောင် က သူကိုယ်တိုင် Quarantine ဝင်ပြီးစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။သရုပ်ဆောင်နန္ဒာလှိုင်တို့မိသားစုကလည်းSecondary Contact တွေဖြစ်ခဲ့တာကြောင့် Home Quarantine ဝင်နေရကြောင်းကို မောင် ဖြစ်သူ သရုပ် ဆောင် မောင်က ပြောပါတယ်။

“ကျွန်တော်တို့ မနန္ဒာတို့နေတဲ့အိမ်က ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့တာမဟုတ်ပဲ Primary Contact ဖြစ်တဲ့ ကလေးသုံးယောက်နဲ့ထိတွေ့ခဲ့တာဖြစ်တဲ့အတွက် Secondary Contact ဖြစ် ပါ တယ်။ ဒါကြောင့် Home Quantine လုပ်ထားလို့ အိမ်ကလူတွေလဲ အပြင်ထွက်လို့မရပါ ဘူး။ ချစ်ခင်လို့ ပစ္စည်းတွေလာပို့ပေးကြတာကျေးဇူးတင်ပင်မဲ့ အန္တရာယ်များလို့မလာစေချင်ပါ ဘူး။ လိုအပ်ရင်ပြောပါမယ်ခင်ဗျ။”

လက်ရှိအချိန်မှာတော့ သရုပ်ဆောင် မောင်နှင့် ကလေး (၃) ဦးရဲ့ Swab ကိုယူပြီး စစ်ဆေး ထားကြောင်း မောင်က ဆိုပါတယ်။ ပရိသတ်ကြီးကလည်း သရုပ်ဆောင် မောင်နဲ့ ကလေးလေး တွေ Negative ဖြစ်ပြီးကျန်းမာကြပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: