၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု (၁၀၀၀) နီးပါး မြင့်တက်လာတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ

(၂၁-၉-၂၀၂၀) ရက်နေ့ မနက် ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်လူနာသစ် (၂၆၄) ဦး အသစ်ထပ်တိုးခဲ့ပါတယ်။ (၂၀-၉-၂၀၂၀) ရက်နေ့ မနက်(၈:၀၀) နာရီနဲ့ ည (၈:၀၀) နာရီ သတင်းထုတ်ပြန်ချက်အရ အတည်ပြုလူနာ (၆၇၁) ဦး တွေ့ရှိခဲ့သဖြင့်(၂၄) နာရီအတွင်း အတည်ပြုလူနာ (၁၀၀၀) နီးပါးရှိခဲ့ပါတယ်။ အခုဆို စုစုပေါင်းအတည်ပြုလူနာ (၅၈၀၅) ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။

သေဆုံးမှုအနေနဲ့ (၂၀-၉-၂၀၂၀) ရက်နေ့ မနက်(၈:၀၀) ကနေ (၂၁-၉-၂၀၂၀) ရက်နေ့ မနက် (၈:၀၀) နာရီ (၂၄) နာရီအတွင်း (၁၃) ဦး ရှိခဲ့တဲ့အတွက် စုစုပေါင်းသေဆုံးသူ (၉၄) ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။ကိုဗစ်ကူးစက်မှုနှုန်းဟာ အရမ်းကို မြန်ဆန်လွန်းနေပြီး ကူးစက်မှုပမာဏ အရမ်းကို များနေပါတယ်။ သေဆုံးမှုနှုန်းဟာလည်း တစ်ရက်ကို (၁၀) ယောက်ကျော်နဲ့ နေ့စဉ်သေဆုံးလျက်ရှိနေပါတယ်။သေဆုံးမှုတွေကို ပြန်ကြည့်ရရင် ဒုတိယလှိုင်းမှာ ကူးစက်ခံရပြီးတော့ သေဆုံးကျတဲ့ သူတွေချည်းဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ခံရပြီး တစ်လမပြည့်ခင်မှာတင် သေဆုံးနေကြတာဖြစ်တဲ့အတွက် ဒီတစ်ခေါက် ကိုဗစ်ပိုးအား အရမ်းအားပြင်းနေတယ်လို့ ယူဆလို့ရပါတယ်။ ဒိထက် ကူးစက်လူနာတွေများလာရင် သေဆုံးမှုတွေဟာလည်း ဒီထက် ပိုများလာနိုင်ပါတယ်။

ဒါကြောင့် ကာကွယဆေးထက် Mask ဟာ အကောင်းဆုံး ကာကွယ်ဆေးတစ်ခုဖြစ်တာမို့ ဘယ်သွားသွား Mask တပ်ပြီးမှသွားကြပါ။အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေကြပါ။ ကိုဗစ်ဒုတိယလှိုင်းဟာ မြန်မာနိုင်ငံမှာ အနီရောင်အဆင့်ရောက်နေပါပြီ။ အားလုံးသတိထား တွန်းလှန်နိုင်မှသာ ဒီကပ်ကြီးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ ကိုဗစ်ကပ်ကြီးကနေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: