အာရှတော်ဝင်ဆေးရုံက ကိုဗစ်လူနာတွေကို လက်ခံကုသပေးနိုင်မည်မဟုတ်ဟု ဆို

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်လူနာများကို ပုဂ္ဂလိကဆေးရုံများတွင် လက်ခံပေးရန် ညွှန်ကြားထားပေမယ့် ယခုလက်ရှိ ဆေးရုံအနေအထားအရ ကိုဗစ်-၁၉ သံသယလူနာများ လက်ခံကုသမှု မပြုနိုင်ခြင်းအား နားလည် ခွင့်လွှတ်ပေးရန် အာရှတော်ဝင်ဆေးရုံက အကြောင်းကြားချက်ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉လူနာများအား ပုဂ္ဂလိကဆေးရုံများမှာ ဆေးကုသခွင့်ပြုရန် မူအားဖြင့်သဘောတူကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာရှတော်ဝင်ဆေးရုံအနေနဲ့ အဓိကရောဂါဌာနများဖြစ်သော နှလုံး၊ ဦးနှောက်နဲ့ အာရုံကြော၊ အရိုးအကြော၊ အ ထွေထွေဆေးပညာ၊ အထွေထွေခွဲစိပ်၊ မီးယပ်နဲ့ ကလေးလူနာများကို အချိန်မရွေး ကုသပေးနေခြင်းကြောင့် လက်ခံကုသမှု မပြုနိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့ပြင် ယခုအခါ ကိုဗစ်ရောဂါ ကူးစက်ပြန့်နှံ့သည့် အနေအထားအရ ရှိရင်းစွဲလူနာရှင်များရဲ့ လုံခြုံရေး၊ ပြင်ပမှ ရောဂါပိုးဝင်ရောက်မှု ကင်းရှင်းရေးတို့အား တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိတယ်လို့လည်း အကြောင်းကြား ချက်မှာ ဖော်ပြထားပါတယ်။

ထို့အတွက်ကြောင့် ဆေးရုံသို့ ဝင်ရောက်လာသူတိုင်းကို လိုအပ်သည့် စစ်ဆေးမေးမြန်းစုံစမ်းမှုများ ပြုလုပ်ရာမှာ ပူးပေါင်းပါဝင်ကြရန်လည်း မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်မှု ပိုမိုမြင့်တက်လာသည့်အတွက် ဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံများမှာ လက်ခံနိုင်သည့် လူနာဦးရေထက် ကျော်လွန်နေတာကြောင့် ပုဂ္ဂလိကဆေးရုံများမှာ ကုသပေးရန် မူအားဖြင့် သ ဘောတူခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: