အခုမြင်အခုပျောက်ဖြစ်နေတဲ့ ကိုဗစ်ရောဂါကြီးရဲ့ ကြောက်စရာကောင်းပုံကို ပြောပြလာတဲ့ နန္ဒာလှိုင်

ပရိသတ်ကြီရေး သရုပ်ဆောင် နန္ဒာလှိုင်က ကိုဗစ်ရောဂါဆိုးကြီးရဲ့ကြောက်စရာကောင်းပုံကိုပြောပြလာပါတယ်။ နန္ဒာလှိုင်ဟာလတ်တလောမှာတော့ မိသားစုနဲ့အတူ home Quarantine (၁၄)ရက်ဝင်နေတာပဲဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ ညီမလေး နွေးနွေးတို့လင်မယားမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီ နွေးနွေးရဲ့ ခင်ပွန်းဟာကိုဗစ်ရောဂါမှန်းသိပြီးနောက်တစ်ရက်မှာပဲ ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။ နန္ဒာလှိုင်တို့မိသားစုဟာ ပိုးရှိတဲ့သူနဲ့ထိတွေ့မှုမရှိပေမယ့် Quarantine ဝင်နေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ နန္ဒာလှိုင်က “Positive ဖြစ်နေတဲ့သူကိုကြောက်ရမှာထက်Positive ဖြစ်နေမှန်းမသိဘဲဘေးပတ်ဝန်းကျင်ကိုကူးစက်သွားမှာကိုပိုကြောက်ရမှာပါ။ဒီရောဂါကအရမ်းကိုကြောက်စရာကောင်းပါတယ်။နေ့မြင်ညပျောက်မဟုတ်ပါဘူး အခုမြင်အခုပျောက်ပါ။ငယ်ရွယ်တယ် ကျန်းမာတယ် သန်စွမ်းတယ်ဆိုပြီးမပေါ့ဆပါနဲ့။

ရောဂါအခံတခုခုရှိသူတွေပိုအရေးကြီးပါတယ်သတိထားကြပါ မဖြစ်အောင်ကြိုတင်ကာကွယ်ကြပါ ဖြစ်ပြီဆိုလဲလုပ်သင့်လုပ်ထိုက်တာကိုလုပ်ကြပါ” ဆိုပြီး ကိုဗစ်ရောဂါရဲ့ကြောက်စရာကောင်းပုံ ဂရုစိုက် သတိထားကြဖို့ လူမှုကွန်ယက်ကနေ ပြောပြလာပါတယ်။

မြန်မာနိုင်ငံမှာလဲ ကိုဗစ်ရောဂါဖြစ်ပွားသူ ၅၈၀၀ ကျော်ခဲ့ပြီး သေဆုံးသူ (၉၄)ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ကိုဗစ်ရောဂါကြီးကို ကာကွယ်တိုက်ထုတ်ဖို့ ဆေးဝန်ထမ်းတွေကလဲ အစွမ်းကုန်ကြိုးစားနေကြပါတယ်။ ပရိသတ်ကြီးလဲ ကိုဗစ် ကာလမှာ ကျန်းမာရေးဂရုစိုက်ကြပါ။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: