ငွေကျပ် (၅၉) သိန်းတန်ဖိုးရှိ အောက်စီဂျင်စက် (၁၀)လုံးလှူဒါန်းခဲ့တဲ့ စမိုင်းလ်

သွက်လက်ထက်မြက်လွန်းတဲ့ အမူအယာတွေနဲ့ တစ်ချိန်က အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားဆဲပါပဲ။ လတ်တလောမှာတော့ စမိုင်းလ်က ကိုဗစ်ကာလအတွင်း လိုအပ်နေတဲ့ နေရာတွေအနှံ့အပြားကို ထောက်ပံ့လှူဒါန်းရင်း ဖြတ်သန်းနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းဖြစ်တဲ့ စမိုင်းလ်တို့ မိသားစုက ဒီကနေ့ စက်တင်ဘာလ (၁၉) ရက်နေ့မှာလည်း We Love-Yangonအဖွဲ့ကနေပြီး အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

စမိုင်းလ်တို့ မိသားစုက အောက်ဆီဂျင်စက်လိုအပ်နိုင်သော ကိုဗစ်ဆေးရုံများသို့ လှူဒါန်ပေးနိုင်ရန်အတွက် ငွေကျပ် (၅၉) သိန်းတန်ဖိုးရှိ အောက်စီဂျင်စက် (၁၀)လုံးကို We Love-Yangonအဖွဲ့ကနေပြီး လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ စမိုင်းလ်ကလည်း သူမရဲ့ အလှူလေးနဲ့ ပက်သတ်ပြီး “အသက်ရှူရခက်ပြီးအောက်စီဂျင်လိုနေတဲ့သူတွေအတွက် အောက်စီဂျင်စက် ၁၀လုံး လှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်။ ကပ်ရောဂါဆိုးကြီးမှအမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ ” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေထားပါတယ်။

စမိုင်းလ်တို့ မိသားစုကတော့ အလှူအတန်းတွေကို အမြဲမပြတ်လုပ်လေ့ရှိပြီး လက်ရှိကိုဗစ်ကာလအတွင်းမှာကို ကျပ်သိန်းပေါင်းရာနဲ့ချီပြီး လှူဒါန်းပေးခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လိုအပ်တဲ့နေရာတွေကို လိုအပ်သလို ကူညီလှူဒါန်းပေးနေတဲ့ စမိုင်းလ်တို့ မိသားစုရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: