ကိုဗစ် ၁၉ ရောဂါပိုးမရှိတဲ့အကြောင်း ပရိသတ်ကို ဝမ်းသာစကားပြောလာတဲ့ ဆုထက်ကုဋေ

သရုပ်ဆောင်ဆုထက်ကုဋေကတော့ အနုပညာလောကထဲက ဇာတ်ပို့သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ ဆုထက်ကုဋေကတော့ ကိုဗစ်လက္ခာဖြစ်တဲ့ နေမကောင်းဖြစ်ပြီး နောက်ရက် အနံ့မရတော့လို့ ငိုခဲ့ရပြီး ဆေး စစ်ချက်ယူခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလဲ အားမငယ်ဖို့ မစိုးရမ်ဖို့ အားပေးခဲ့ကြပါတယ်။ ဆုထက်ကုဋေက ဘာဖြစ်လာလာရင်ဆိုင်ဖို့ အသင့်ပါပဲလို့ပြောခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ သရုပ်ဆောင် ဆုထက်ကုဋေက “ကျွန်မနှာခေါင်းအနံ့ပြန်ရပါပီရှင်။ ၂ရက်အတွင်းပြန်ရတာပါ။အရသာကမနေ့ကစပျက်ပါတယ်။ဒီမနက်ပဲပြန်ရလာပါတယ်။ အခြေအနေကောင်းမွန်ပီး သက်သာလာပါတယ်။ ဖျားခြင်း နာခြင်းတွေလည်းမရှိပါဘူး။အခြားရောဂါတွေလည်းဘာမှမဖြစ်ပါဘူးရှင်။စိတ်ပူပီးမေးမြန်းပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

Stressများပီး စိတ်ညစ်လွန်းလို့ဖုန်းမကိုင်တာပါ။တစ်ယောက်ချင်းဆီကိုReply မပြန်ပေးနိုင်တဲ့အတွက် အားလုံးကိုအနူးညွှတ်တောင်းပန်ပါတယ်နော် အားလုံးလည်းကျန်းမာရေးဂရုစိုက်ကြပါ” ဆိုပြီး ဝမ်းသာစကားလေးပြောထားပါတယ်။ကိုဗစ်ရောဂါမတွေ့ရှိတဲ့ ဆုထက်ကုဋေအတွက် ပရိသတ်တွေကလဲ ဝမ်းသာစကားပြောထားကြပါသေးတယ်။မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ၅၈၀၀ ကျော်ခဲ့ပြီဖြစ်ပြီး သေဆုံးသူ ၉၄ ဦးရှိပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးဂရုစိုက်ကြပါ။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: