ကိုဗစ်ရောဂါလက္ခဏာ ပြနေလို့ ဆေးစစ်မှုခံယူရတော့မဲ့ဆုထက်ကုဋေ

ဆုထက်ကုဋေကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာမြင်ဖူးကြမှာဖြစ်သလို မော်ဒယ်လ်အနေနဲ့လည်း အနုပညာအလုပ်တွေလုပ်ကိုင်တဲ့သူဖြစ်တာကြောင့်ပရိသတ်တွေသိကြမှာပါ။ အနုပညာလောကမှာလျှောက်လှမ်းလာတာ နှစ်များစွာရှိနေပြီဖြစ်တဲ့ဆုထက်ကုဋေကတော့ “အဆောင်” ဇာတ်လမ်းတွဲမှာတော့ အပျိုကြီးမမ မြနှင်းနုအဖြစ် ပီပြင်စွာပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ဆုထက်ကုဋေကတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး “ကျွန်မ၁၇ရက်နေ့ကစဖျားတယ်။ခေါင်းကိုအုံပီးကိုက်နေတာပဲ။ ၁၈ရက်နေ့အဖျားကျသွားတယ်။သက်သာတယ်။ ဒီနေ့၁၉ရက်နေ့ မနက် ကျွန်မနိုးလာတဲ့အချိန်မနက်၉:၀၀ကစပီး…ကျွန်မအနံ့ မရတော့ပါဘူးရှင် ဒီကနေ့စောင့်ကြည့်ပီး..မနက်ဖန်စစ်ဆေးချက်ယူပါမယ်။ စိတ်တော့အရမ်းမပူပါဘူးရှင်(မနက်ကတော့အနံ့မရဘူးဆိုပီး…ထိုင်ငိုပီးပီး) ဘာဖြစ်လာလာရင်ဆိုင်ဖို့အသင့်ပါပဲ” ဆိုပြီးတာ့ ဖေ့ဘွတ်ခ်အကောင့်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။

အခုအချိန်ကတော့ ကိုဗစ်(၁၉)ကပ်ရောဂါဆိုးကြီးက ဒုတိယအကြိမ်မြန်မာနိုင်ငံမှာကူးစက်နေတာဖြစ် ကူးစက်တဲ့အရေအတွက်ပီး နေ့စဉ်ရာနဲ့ချီပြီး တွေ့နေရတာပါ။ ဒီရောဂါပိုးကူးစက်ခံရတဲ့အခါမှာအနံ့မရတာမျိုးတွေဖြစ်တာကြောင့် ပရိသတ်တွေကတော့ စိတ်တွေပူပန်လျက်ရှိနေတာပါ။ ဆုထက်ကုဋေကတော့ ဖြစ်လာတဲ့အခြေအနေကိုရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: