တရားထောက်တွေနဲ့ ယောဂီတွေရဲ့ ဝေယျာဝစ္စတွေ လုပ်ခဲ့တဲ့အ ကြောင်း ပြောပြလာတဲ့ ချမ်းမီမီကို

ပရိသတ်ကြီးရေ.. အနုပညာလောကထဲကို မကြာသေးမှီကမှ တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီး ပ ရိ သတ်တွေရဲ့တစ်ခဲနက် အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ သူလေး က တော့ မော်လ်ဒယ် သရုပ်ဆောင် ချမ်းမီမီကိုပဲ ဖြစ်ပါတယ်နော်..။

ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့ ပုရိသတွေရဲ့ အသည်း ကျော် မင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ သူမကတော့ ယနေ့အချန်ထိလည်း ပရိသတ်တွေရင်ထဲ နေရာ ယူထားနိုင်ဆဲပါပဲနော်..။

အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်လာပြီဖြစ်တဲ့ ချမ်းမီမီကိုကတော့ ပြီးခဲ့တဲ့နှစ်တွေက အ နုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီး တရားဘောင်မှာ တရားအလုပ်တွေလုပ်ခဲ့တဲ့ အမှတ် တ ရလေးတွေကို ပြောပြလာပါတယ်နော်..။

တရားအလုပ်တွေကို စိတ်ရောကိုယ်ပါ နှစ်ပြီးလုပ်ခဲ့တဲ့အချိန်က တရားထောက်တွေနဲ့ ယောဂီ တွေ ရဲ့ ဝယျာဝစ္စတွေအပြင် သူများမလုပ်ချင်တဲ့အလုပ်တွေ လုပ်ခဲ့တဲ့အကြောင်းလေးတွေကို ချမ်းမီမီကိုက ပြောပြထားတာပါ..။

 

“ချမ်းမီက တရားထောက်တော့ မလုပ်ဘူး ပညာသင်ယူနေဆဲဖြစ်တဲ့အတွက် တရားထောက်တွေ ရဲ့ ဝယျာဝစ္စတွေ လိုက်လုပ်ပေးတယ် ယောဂီတွေရဲ့ ဝယျာဝစ္စတွေ လိုက်လုပ်ပေးတယ် သူများမ လု ပ်တဲ့ အရာတွေကို လိုက်လုပ်တယ် နောက်ဆုံးယောဂီတွေရဲ့ ကျန်းမာရေးကအစ အကုန်လုံး ကို လုပ်ပေးတယ် အဲ့ဒါကြောင့်လည်း သူတို့က ချစ်ကြတယ် ဘာလို့အဲ့လိုလုပ်လဲဆိုတော့ ပါရမီ ကုသိုလ်ယူလိုက်တာပါ သူများမလုပ်တဲ့အလုပ် သူများရွံ့ရှာတဲ့အလုပ်ကို လုပ်လိုက်တာပါ..” ဆိုပြီး သူမက ပြောပြထားတာပါ..။

တရားအလုပ်လုပ်ခွင့်ရလို့ ကြည်နူးမိပြီး တရားဓမ္မနဲ့ ကျင့်ကြံပြီးနေရတာက ထီပေါက်သလိုဖြ စ်ကာ အကျိုးလည်းရှိသလို အေးချမ်းပြီး တန်ဖိုးမဖြတ်နိုင်တဲ့ရလာဒ်တွေ အများကြီးရတယ်ဆိုပြီး ပြောပြထားတဲ့ ချမ်းမီမီကိုရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: