၁ ရက်ကို ၁၀ ယောက်နီးပါး သေဆုံးမှုဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ်အခြေအနေ

(၁၆-၉-၂၀၂၀) ရက်နေ့ မနက် ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်လူနာသစ် (၁၃၄) ဦး အသစ်ထပ်တိုးခဲ့ပြီး (၁၅-၉-၂၀၂၀) ရက်နေ့ ည (၈:၀၀) နာရီသတင်းတွင် အတည်ပြု လူနာ (၂၀၃) ဦး တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သဖြင့် စုစုပေါင်းအတည်ပြုလူနာ ၃၆၃၆ ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်နှုန်းနှင့် သေဆုံးမှုနှုန်းမှာ ၁ ရက် ပျမ်းမျှကို ကူးစက်မှု ၃၀၀ ပတ်ဝန်းကျင်နဲ့ သေဆုံးမှှု ၁၀ ပတ်ဝန်းကျင် ရှိလာခဲ့ပြီး
ဩဂုတ် ၁၅ ရက် ၁ ရက်ထဲနဲ့တင် သေဆုံးသူ ၇ ဦးရှိခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူ ၃၉ ဦးထိ ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

သေဆုံးမှုတွေကို ပြန်သုံးသပ်ကြည့်ရင် ရောဂါအခံရှိတဲ့သူတွေနဲ့ အသက်ကြီးပိုင်းတွေ အများစု ဖြစ်နေတာကို တွေ့ရပါတယ်။
ကိုဗစ်ကြောင့် သေဆုံးသူ ၃၉ ဦး ရှိခဲ့တဲ့အထဲကမှ ၁ ဦးကတော့ ဘာရောဂါအခံမှမရှိဘဲ အသက်အရွယ် အလတ်ပိုင်းထဲက ဖြစ်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ ဘာရောဂါမှမရှိလဲ သေဆုံးနိုင်တာ ဖြစ်တဲ့အတွက် ကူးစက်မှုမခံရအောင် ရတဲ့နည်းနဲ့ ကာကွယ်မှ တော်ကာကျပါလိမ့်မယ်။ လုံးဝကို မပေါ့ဆသင့်ပါဘူး။ကိုဗစ်ဒုတိယလှိုင်းဟာ စိုးရိမ်စရာထက်ကို ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီလို့ သုံးသပ်လို့ရပါတယ်။

Source MOHS

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: