အနေအေးပြီးရှက်တတ်တဲ့ ခင်ပွန်းကို တခြားသူတွေက အထင်လွဲတတ်လို့သက်သေပြလိုက်တဲ့ ပိုးအိအိခန့်

အနေအေးတဲ့သူအများစုဟာ အကြောင်းမသိသူတွေရဲ့ အထင်လွဲမှုကို မကြာခဏဆိုသလို ခံရတတ်ပါတယ်။ ကိုယ်တိုင်က အနေအေးပေမယ့် တခြားလူတွေကတော့ မာနကြီးတယ်လို့ ထင်ကြေးပေးတတ်ကြပါတယ်။ ဒီလိုအနေအေးပြီး ရှက်တတ်တဲ့အထဲမှာ ဘောလုံးသမား အောင်သူလည်းအပါအဝင်ပါပဲ။ ဒါကြောင့်လည်း ပရိသတ်တွေဝေဖန်မှုရှိလာတဲ့အပေါ်မှာ ဇနီးဖြစ်သူ ပိုးအိက ခင်ပွန်းအကြောင်းကို ပြန်လည်ရှင်းပြပေးခဲ့ပါတယ်။

သူမရဲ့ချစ်ခင်ပွန်းအကြောင်းကို ” သိပ်ရှက်တတ်သော ကျွန်မ ခင်ပွန်း အိမ်ထောင်ကျပြီး သိပ်မကြာ ကျွန်မကို ကိုအောင်သူ့အမေက ပြောပြဖူးတယ် ဘောလုံးပွဲကြည့်တိုင်း ဘေးက ပရိသတ်တွေက အောင်သူ့ကို မာနကြီးတယ် မတူသလိုမတန်သလိုဖြစ်တယ်လို့ ပြောကြလို့

သားကိုအမြဲမှာတယ်တဲ့ ဘယ်လိုမှာတာလဲဆိုတော့ “ သားရယ် ဘောလုံးကွင်းထဲရောက်ပြီ ဆိုရင် ခေါင်းလေးမော့ပြီး လက်လေးပြလိုက်ပါ သားလက်ပြတာ မောင်ဖြူ့ကိုလည်း မဟုတ် မောင့်နီ့ကိုလည်းမဟုတ်ပါဘူးသားရယ် အဲ့ဒါလေးတော့ လုပ်ပြလိုက်ပါ ငါ့သားရဲ့ “ ဘယ်လောက်မှာမှာ ပွဲရောက်လို့ကြည့်လိုက်ရင် သိပ်ရှာစရာမလိုဘူး ခေါင်းငုံ့နေရင်အောင်သူပဲတဲ့ အဲ့ဒါကြောင့် ကျွန်မ ယောကျာ်းကို မတက်ကြွဘူးပြောရင် ကျွန်မ ရယ်လည်းရယ်ချင်သလို စိတ်လည်းမကောင်းဘူး လူတစ်ယောက်ရဲ့ အကျင့်နဲ့ဗီဇက ဘယ်လိုများဖျောက်လို့ရပါ့မလဲရှင် ”

” ဘယ်လောက်တောင်များ ပြုံးပြုံးရွှင်ရွှင်မနေတတ်သလဲဆိုရင် သူသိပ်ချစ်ပါတယ်ဆိုတဲ့ မိန်းကလေးနဲ့(အက်လယ် ကွကိုယ်တော့ နေရာကောင်းဝင်ယူဦးမှ) မင်္ဂလာဆောင်တဲ့နေ့မှာ တောင် လူတွေများလွန်းလို့ရှက်ပြီး မျက်နှာတည်နဲ့မနေတတ်ဖြစ်နေတဲ့ ကျွန်မယောကျာ်းပါ အဲ့တုန်းကတောင် တစ်ချို့က ကိုအောင်သူကမပျော်ဘူးလားတိူ့ မချစ်တာလားတို့မေးကြပါသေးတယ် တကယ်တော့ မဟုတ်ရပါဘူးရှင် သူက ကျွန်မကို သိပ်ချစ်ပါတယ် (ငါကွ) ဒီစာလေး ဖတ်ပြီး ယောကျာ်းပျော်ပါစေ အဝေးကပါရမီဖြည့်နေတဲ့ ချစ်မိန်းမ ” ဆိုပြီး အများသိအောင် မင်္ဂလာဆောင်မှတ်တမ်းလေးနဲ့ ပြောပြပေးခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးလေးကို ပိုင်ဆိုင်ထားလို့ အောင်သူကတော့ ကံကောင်းပြီးရင်းကောင်းပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: