Covid-19 စောင့်ကြည့်လူနာတွေထားဖို့ Tent တစ်လုံးစာ သိန်း(၂၀၀) လှူဒါန်းခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်သူ ချစ်သုဝေကတော့ COVID ဒုတိယလှိုင်းမှာဖောင်ဒေးရှင်းအနေနဲ့ အထိရောက်ဆုံးလှူနိုင်ဖို့ ဆေးတက္ကသိုလ်(၁) ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး ပါမေက္ခဒေါက်တာမြင့်မြင့်ငြိမ်း တို့နဲ့တိုင်ပင်အကြံ ဉာဏ်ရယူခဲ့ပါတယ်လို့သိရပါတယ် ။ များပြားလာတဲ့ Case တွေအတွက် အစိုးရဆေးရုံတွေရဲ့ဝန်ကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (၄) လုံး (ရေ၊ မီး၊ aircon နဲ့တကွ light partition နဲ့ တစ်လုံးလျှင် လူနာ (၃၀) ဆန့် တဲ့ tentတွေပါ) လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။

ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့် လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကိုထားရမယ့်နေရာပါ။လူနာများထားနိုင်ဖို့ ဆေးရုံ (၄) ရုံအတွက် Tent (၄) လုံး ငှာရမ်းခမှာ (၂) လတာအတွက် သိန်း (၈၀၀) ကျပ်ကျသင့်မှာဖြစ်ပြီး ကျသင့်တဲ့ သိန်း (၈၀၀) ကျပ်ကို ခတ်သစ်ဖောင်ဒေးရှင်းမှ စေတနာရှင်များနဲ့ပူးပေါင်းကာ လှူဒါန်းသွားမှာပဲဖြစ်ပါတယ် ။ ဒီနေ့ စက်တင်ဘာ (၁၅) ရက်နေ့ မှာတော့ ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းမှာ တည်ဆောက်နေတဲ့ စောင့်ကြည့်လူနာများထားရန် Tent တစ်လုံးစာ သိန်း (၂၀၀) ကျပ်ကို ကနဦးအလှူအဖြစ် ရန်ကုန်ဆေးရုံအုပ်ကြီးအား လှူဒါန်းခဲ့ပါတယ်လို့သိရှိရပါတယ် ။

ထပ်မံပြီး လိုအပ်နေသော Tent များကို ဆက်လက်ဆောက်လုပ်လှူဒါန်းသွားမှာ ဖြစ်တဲ့အတွက် ခေတ်သစ်ဖောင်ဒေးရှင်ကို နည်းများမဆိုပါဝင်လှူဒါန်းနိုင်ကြောင်းနဲ့ ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအတွက် စားသောက်ရေးကို လည်း လှူဒါန်းချင်တဲ့အတွက် အလှူရှင်များကိုလည်း ဖိတ်ခေါ်ကြောင်း ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ တစ်ယောက်အားနဲ့မရရင် အများအားနဲ့ ဒီရောဂါဆိုးကြီးကို တွန်းလှန်နိုင်ဖို့ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူ လှူဒါန်းလိုက်ကြရအောင်နော် ..။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: