ရခိုင်ပြည်နယ်မှာ ကိုဗစ်တိုက်ပွဲကတော့ ထိန်းချုပ်နိုင်တဲ့အနေအထားရောက်သွားပြီ

ကိုဗစ်တိုက်ပွဲကတော့ ရခိုင်ပြည်နယ်မှာ ထိန်းချုပ်နိုင်တဲ့အနေအထားရောက်သွားပြီဆိုပြီး မနက်က သတင်းမှာစစ်တွေဆေးရုံအုပ်ပြောသွားတာ နားထောင်လိုက်ရတယ် ၀မ်းသာစရာ သတင်းပါ။

ရန်ကုန်အခြေအနေကတော့ ဘယ်လို ဖြစ်လာမလဲ မသိပါဘူး …နေပြည်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ..။တခုတော့ သတိထားမိတာရှိတယ် ရန်ကုန်ကိုဗစ်ကို ဦးဆောင်တိုက်မဲ့ ဒေါက်တာဇော်ဝေစိုး ပြောသွားတဲ့ ဗီဒီယိုဖိုင် ကိုကြည့်တော့ သူတို့ဒီတိုက်ပွဲကိုနိုင်အောင်တိုက်မယ်လို့ယုံကြည့်ချက်အပြည့်ရှိနေပုံ တွေ့့ရတယ်…သူတို့နိုင်အောင် ထိန်းချုပ်နိုင်မယ်လို့ယုံကြည်ထားတဲ့ သဘောတွေ့ရတယ်..

နောက်တခုက ဒေါက်တာခင်ခင်ကြီးတို့ကိုသန်းနိုင်စိုးတို့အင်တာဗျူးတွေကိုနားထောင်ကြည့်ရင် သူတို့မှာ ယုံကြည်မူ့အပြည့်ရှိနေတဲ့ သဘောတွေရတယ်..တိုက်ပွဲကို ဦးဆောင်တိုက်မဲ့သူတွေရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မူ့မရှိပဲယုံကြည်မူ့အပြည့်ရှိနေတာတော့ အားတက်စရာပါပဲ။

ကျွန်တော့်အထင်တော့ ပြည်သူတွေသာ သူတို့နဲ့ပူး ပေါင်းဆောင်ရွက်ရင် ဒီတိုက်ပွဲဟာ အခြေအနေ ကောင်းမှာသေချာပါတယ်…ဒီတိုက်ပွဲမှာ ယုံကြည်မူ့အပြည်နဲ့တာ၀န်ထမ်းဆောင်နေတဲ့ ဆရာ၀န်သူနာပြုများ ကျန်းမာရေး၀န်ထမ်းများနဲ့ပရဟိတအဖွဲ့တွေအားလုံးကျန်းမာပါစေ…။

@Aung Thu Ra

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: