COVID – 19 ကာကွယ်ကြဖို့ သီချင်းလေးဖွင့်ပြီး ကကွက်လေးတွေနဲ့ ပရိသတ်တွေကို အသိပေးလှုံ့ဆော်ထားခဲ့တဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်ကစပြီး ယနေ့အချိန်ထိ အောင်မြင်မှုတွေ တစ်ဟုန်ထိုး ရရှိနေသူတစ်ဦး ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ အပြစ်ဆိုစရာမရှိတဲ့ မျက်နှာလေးနဲ့ စွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှက ပုရိသပရိသတ်တွေရဲ့ ရေပန်းစားတာမို့ ပရိသတ်တွေကို ရင်ခုန်မှု မြန်ဆန်စေတဲ့ မင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လက်ရှိမှာလည်း အားပေးသူပရိသတ် အများအပြား ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာတော့ ကြော်ငြာတွေရော ပွဲတက်တွေပါ ရပ်နားထားတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့ နေအိမ်မှာပဲ အားကစားတွေပြုလုပ်ရင်း အိမ်တွင်းပုန်းလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ ပရိသတ်တွေကို Covid – 19 ကာကွယ်ကြဖို့ သီချင်းလေးဖွင့်ပြီး ကကွက်လေးတွေနဲ့ အသိပေးလှုံ့ဆော်ထားခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ပရိသတ်ပြည်သူထုလူတွေ ကျန်းမာရေးအသိရှိကြဖို့သူမတတ်နိုင်တဲ့ အင်အားလေးနဲ့ အားပေးလှုံ့ဆော်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ အခုဗီဒီယိုလေးကိုကြည့်ပြီး အရင်ကထက် စနစ်တကျနေဖို့ စိတ်အားထက်သန်နေလောက်ပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: