၁၁၅ မိုင် ပိုင်အိုးနီးယား သူဌေးလင်မလား ရာသက်ပန် နေ့ဆွမ်းလှူဒါန်းမှုကြီးပြုလုပ်

ရာသက်ပန် နေ့ဆွမ်းလှူဒါန်းမှုကြီးပြုလုပ်လိုက်တဲ့ ၁၁၅ မိုင် ပိုင်အိုးနီးယား သူဌေးလင်မလားပရိသတ်ကြီးရေ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ မွန်မြတ်တဲ့အလှူလေးကို လှူခဲ့တဲ့ သူဌေးကြီးတစ်ဦးရဲ့အလှူလေးကို သာဓုခေါ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်..ဤပို့စ်အား ပြန်လည် share လုပ်ပေးခြင်းဖြင့်ကုသိုလ်ပြုပေးတော်မူကြပါရန်တစ်ရက်ထပ်တိုးလိုက်တဲ့ရာသက်ပန်နေ့ဆွမ်း။

ယခင်က ပိုင်အိုးနီးယားစားသောက်ဆိုင်(၁၁၅)မှာ ခရီးသွားရင်းကြွရောက်တော်မူလာကြကုန်သောရဟန်း၊သံဃာ၊သီလရှင်အပေါင်းတို့ အား ကျွန်တော်တို့နှစ်ယောက်ရဲ့မွေးနံဖြစ်တဲ့ သောကြာနဲ့တနင်္ဂနွေနေ့ရောက်တိုင်း ရာသက်ပန် နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ရာမှ ယခုနှစ် ဝါတွင်းကာလမှစ၍ ဥပုသ် နေ့တစ်ရက်ထပ်တိုးကာ သောကြာ ..တနင်္ဂနွေ..ဥပုသ်နေ့ရောက်တိုင်းရာသက်ပန်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်ဘုရား။

ဤနေ့ရောက်တိုင်း ၁၁၅မိုင်သို့ ယာဉ်လိုင်းပေါင်းစုံမှ ခရီးသွားရင်းကြွရောက်တော်မူလာကြကုန်သောရဟန်း၊သံဃာ၊သီလရှင် အပေါင်းအား မိမိလိုက်ပါလာသော ကားများ အခြားဆိုင်တွေကိုရပ်နားခဲ့လျှင်တောင်တပည့်တော်တို့နှစ်ယောက်ရဲ့ပိုင်အိုးနီးယား စာသောက်ဆိုင်မှာ နေ့ဆွမ်းကြွရောက်ဘုန်းပေးကြပါရန်ရိုသေစွာလျှောက်တင်အပ်ပါသည်ဘုရား။နီးစပ်ရာရဟန်းသံဃာအပေါင်းတို့အားလည်းမိန့်ကြားပေးပါရန်လျှောက်တင်အပ်ပါသည်ဘုရား။တပည့်တော်တို့၏ ရာသက်ပန်နေ့ဆွမ်းဆက်ကပ်ရက်သောကြာ တနင်္ဂနွေ ဥပုသ်။ပြုသမျှကုသိုလ်…အမျှ..အမျှ..အမျှ ကျွန်တော်တို့မိသားစုနှင့်အတူထပ်တူရကြပါစေသောဝ်သာဓု..သာဓု..သာဓု

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: