ရန်ကင်းမြို့နယ်တွင် Mask တပ်ဆင်ခြင်းမရှိသူများ ကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီသည် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊

လမ်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် မဖြစ်မနေ အပြင်သို့သွားလာရသည့် အခါတိုင်း ပြည်သူများ Mask တပ်ဆင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀) နာရီ က ရန်ကင်းမြို့နယ် (၁၂)လုံးတန်းမှတ်တိုင် တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် Mask တပ်ဆင်ခြင်းလိုက်နာမူမရှိသူများအား ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေ ပုဒ်မ-၁၅ အရ တရားရုံးတွင် နေ့ချင်းပြီးဒဏ်ငွေပေးဆောင်စေခဲ့ခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ မြို့နယ်အတွင်း ပြန့်ပွားမှုမဖြစ်‌စေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: