တိုက်တိုက်ဆိုင်ဆိုင် ဇူလိုင်လမှာ ကွယ်လွန်သွားခဲ့ကြတဲ့ ဒိတ်ဒိတ်ကြဲ မင်းသား (၃) ဦး

ပရိသတ်ကြီးကို အခုဖော်ပြပေးမှာကတော့ ဇူလိုင်လ မှာ ကွယ်လွန်သွားကြတဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲမင်းသား တွေရဲ့အကြောင်းပဲဖြစ်ပါတယ် ။ တိုက်ဆိုင်စွာပဲ ဇူလိုင်လမှာကွယ်လွန်ခဲ့တဲ့ မင်းသား (၃) ဦးရှိပါတယ် ။ သူတို့ကတော့ ပြေငြိမ်း ၊ ဒွေး ( ကိုသားကြီး ) နဲ့ ကျော်ဟိန်းတို့ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၈) နှစ်ကျော်က မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့ပြီး အဲ့ဒီခေတ်အခါက မိန်းကလေး ပရိသတ်တွေ အသည်းစွဲ ကြိုက်ရတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ပြေငြိမ်းဟာ (၁၉၉၀) ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။

ယနေ့ခေတ်ကလေးတွေ မသိလိုက်ပေမယ့်လည်း သူ့ခေတ်သူ့အခါကတော့ တော်တော်လေးကို လူကြိုက်များအောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ် ။ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့တိုင် ရှိနေဆဲပဲဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီဒွေး ကလည်း ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ် ။

ဒွေး ( ကိုသားကြီး ) ဟာ ၂၀၀၇ ခုနှစ် ဇူလိုင် လ ၁၁ ရက်နေ့မှာ ရန်ကင်းမြို့နယ် ဘောက်ထော်မှာရှိတဲ့ နေအိမ်မှာပဲ အိပ်ပျော်နေစဉ် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး အနုပညာ လုပ်ငန်းများစွာ လုပ်ဆောင်လက်စ အနေအထားနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။

သဘာဝကျတဲ့ သရုပ်ဆောင်မင်းသားကြီး ဖြစ်ပြီး အနုပညာရှင်အားလုံးကလေးစားပြီး စံထားရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးကျော်ဟိန်းကတော့ (၂၀၁၇) ဖေဖော်ဝါရီလမှာထဲက နှလုံးသွေးကြောအားလုံးပိတ်ပြီး Heart Attack ရခဲ့တဲ့အပြင် လေးဖြတ်သွားတဲ့အတွက် ဆေးရုံတက်ပြီး ကုသမှုတွေခံယူခဲ့ရပြီး ဇူလိုင်လ (၁၁) ရက်နေ့ (၂၀၂၀) ခုနှစ် အသက် (၇၄) နှစ်မှာ သြစတျေးလျနိုင်ငံမှာပဲ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။အခုလို အရမ်းကိုအောင်မြင်ပြီး ပရိသတ်တွေ ချစ်ရတဲ့ အနုပညာလောက ကို တစ်ခေတ်သစ်စေခဲ့တဲ့ အနုပညာရှင်တွေ ကွယ်လွန်သွားတာဟာ အနုပညာလောကအတွက် တကယ့်ကို ဆုံးရှုံးမှုကြီးတစ်ခုပါပဲ ပရိသတ်ကြီးရေ

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: