“ဆရာသမားအရင်းဖြစ်သူးကျော်ဟိန်းကွယ်လွန်သတင်းကို ကြားပြီးနောက် ဝမ်းနည်းမှုတွေကို တည်ငြိမ်အေးချမ်းမှုတွေနဲ့ ဖြေသိမ့်နေတယ္ဆိုတဲ့ နဝရတ်”

ပရိသတ်ကြီးရေ ဇူလိုင်လ (၁၁)ရက်နေ့မှာတက်လာတဲ့ မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတဲ့ နာရေးသတင်းက မြန်မာပြည်သူ လူထုကြားမှာ ဝမ်းနည်းမှုတွေကို ဆင့်ကဲဖြစ်စေခဲ့တဲ့ သတင်းအဖြစ်နဲ့ သိရှိပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အနုပညာရှင်တိုင်း ပရိသတ်တိုင်းရဲ့ ရင်ထဲကနေ မြတ်နိုးတန်ဖိုးထားမှုတွေကို ပိုင်ဆိုင်ထားပြီး မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို အကောင်းဆုံး နဲ့ ထိပ်ဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့သူ မင်းသားကြီးကျော်ဟိန်းဟာ တူဖြစ်သူမင်းသားဒွေးရဲ့ ကွယ်လွန်ခြင်း နှစ်ပတ်လည် (၁၃)နှစ်ပြည့်နေ့လေးမှာပဲ တိုက်ဆိုင်စွာ ကွယ်လွန်ခဲ့တာမို့ ပရိသတ်နဲ့ အနုပညာရှင်တိုင်းအတွက် ဝမ်းနည်းတွေဆင့်ကဲ ဖြစ်ခဲ့ရတဲ့ နေ့လေး တစ်နေ့လို့ ဆိုရမှာပါ.။

မင်းသားကြီး ကျော်ဟိန်းရဲ့ အနုပညာလက်ရာတွေဟာ ရုပ်ရှင်တွေနဲ့ သီချင်းတွေအပြင် ကိုယ်တိုင် ထုဆစ်ပေးခဲ့တယ်လို့ ဆိုရမယ့် လက်ရာမြောက်ပြီး ပရိသတ်ချစ်ရတဲ့ အနုပညာရှင် မင်းသား၊ မင်းသမီးတွေကိုလည်း စင်တင်ပေးခဲ့ပါသေးတယ်နော်.။ မင်းသားကြီး ကျော်ဟိန်းရဲ့ မြေတောင်မြှောက်ပေးခဲ့တဲ့ မင်းသမီးတွေထဲက သရုပ်ဆောင်ကောင်းသူ မင်းသမီးနဝရတ်ကိုတော့ ပရိသတ်ကြီး လည်း ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။

ဆရာသမား ဖြစ်သူ မင်းသားကြီး ကျော်ဟိန်းရဲ့ သတင်းကြားပြီးနောက်မှာ နဝရတ်ကတော့ ဝမ်းနည်းမှု ခံစားချက်တွေကိုတည်ငြိမ်မှုတွေနဲ့အတူ “ဦးကျော်……ငြိမ်းအေးတဲ့နေရာလေးကိုသွား ပြီပေါ့နော်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။နဝရတ်ကတော့ ဆရာသမားဖြစ်သူအတွက် ဝမ်းနည်းခံစားရပေမယ့် ငြိမ်းချမ်းတဲ့ နေရာလေးကို သွားပြီဆိုတဲ့ အတွေးလေးနဲ့ နှစ်သိမ့်ကာ ဝမ်းနည်းမှုတွေကိုခြေဖျက်နေတဲ့ ပုံပါပဲနော်.ပရိသတ်ကြီး။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nawaratt Ko Ko’s Facebook

Be the first to comment

Leave a Reply

Your email address will not be published.


*