ဘာလုပ်လုပ်စိတ်မဆိုးတဲ့ အချစ်တော် မိတ်ကပ်သူသူကို Gym မှာစကပ်ဆွဲချွတ်ခဲ့တဲ့သင်ဇာ

သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိပြီး ညှို့ယူအားကောင်းကောင်းနဲ့ ပုရိသတွေကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ နေထိုင်မှုပုံစံကတော့ အရမ်းကို ရိုးရှင်းလှပါတယ်။ သင်ဇာဝင့်ကျော်က အခုဆိုရင် အသက် (၃၃)နှစ်ကျော်အရွယ်ကို ရောက်နေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုသေးပဲ သူမကိုချစ်ကြတဲ့သူတွေနဲ့သာ နေထိုင်ရင်း အချိန်တွေကုန်ဆုံးနေလျက်ရှိပါတယ်။

ဒီနေ့မှာတော့သင်ဇာဝင့်ကျော်က သူမဘယ်သွားသွား အနောက်ကနေ မိသားစုဝင်တစ်ယောက်လို စောင့်ရှောက်ပေးတဲ့ မိတ်ကပ်သူသူကို ဆေးထိုးထားတဲ့ ဗီဒီယိုလေးကို မျှဝေပေးထားပါတယ်။ သင်ဇာဝင့်ကျော်က ဘာလုပ်လုပ်စိတ်မဆိုးတဲ့ အချစ်တော် မိတ်ကပ်သူသူကို Gym မှာ စကပ်ဆွဲချွတ်ပြီး စနောက်ကျီစယ်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ သူမကို အနွံတာခံပြီး ချစ်ကြသူတွေကြောင့် နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ဆိုးသမျှ အနွံတာခံတဲ့ မိတ်ကပ်သူသူကို အရင်ကထက် ပိုချစ်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: