ပထမဦးဆုံးစရောင်းပေးလိုက်တဲ့ Live မှာတင်သိန်း(၃၀၀)ကျော်ဖိုးရောင်းလိုက်ရတဲ့ဆုမြတ်နိုးဦး

ပထမဆုံးစရောင်းပေးတဲ့ Live မှာတင်သိန်း(၃၀၀)ကျော်ဖိုးရောင်းရလို့ အံ့သြဝမ်းသာဖြစ်နေတဲ့ ဆုမြတ်နိုးဦးမင်းသမီးချော ဆုမြတ်နိုးဦးကတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုရရှိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

လတ်တလောမှာတော့ အနုပညာရှင်တော်တော်များများဟာ ကိုဗစ်ကာလအတွင်း အနုပညာအလုပ်တွေရပ်နားရတာကြောင့် ကုန်ပစ္စည်းတွေကို ဖေ့ခ်ဘွတ်ခ်ကနေ Live လွင့်ပြီးရောင်ချပေးနေခဲ့တာဖြစ်ပါတယ်။ဆုမြတ်နိုးဦးကတော့သူ့ရဲ့ပထမဆုံးစရောင်းပေးတဲ့ Live မှာတင် သိန်း(၃၀၀)ကျော်ဖိုးရောင်းရလို့ အံ့သြဝမ်းသာဖြစ်နေတဲ့ အကြောင်းကို “မြတ်နိုးရဲ့ ပထမဆုံး live စလွှင့်ပီးရောင်းတဲ့နေ့မှာတင် သိန်း ၃၀၀ကျော်ဖိုး ရောင်းရတယ်ဆိုလို့ အားပေးကြတဲ့ တယောက်ချင်းစီတိုင်းကိုလဲကျေးဇူးတင်သလိုအမရယ်

သမီးတခါမှမလုပ်ဖူးတော့ ဖြစ်ပါ့မလားမသိဘူးလို့ပြောတာတောင် ညီမလေးနဲ့ပဲLiveလွှင့်ချင်ပါတယ်ဆိုပီး ယုံကြည်ပီးလက်တွဲခဲ့တဲ့ အမ Myo Myat Thu ကိုလဲကျေးဇူးအရမ်းတင်ပါိတယ်အမရေ.. ပီးတော့နောက်နေ့အမလိုချင်တဲ့နေ့ကိုလဲမအားဘူးဖြစ်နေလို့နားလည်ပေးပါလို့ နောက်တပတ်ထဲထပ်ဆုံကြမယ်နော်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ မင်းသမီးချော ဆုမြတ်နိုးဦးကတော့ အနုပညာအလုပ်တွေရပ်နားရတာကြောင့် ကုန်ပစ္စည်းတွေကို ဖေ့ခ်ဘွတ်ခ်ကနေ Live လွင့်ပြီရောင်းချပေးတဲ့ ပထမဆုံး Live မှာတင် သိန်း(၃၀၀)ကျော်ဖိုးရောင်းချနိုင်ခဲ့ပါတယ်တဲ့နော်။ပရိသတ်တွေရဲ့ အားပေးကြမ်းမှုကတော့ တကယ်အံ့မခမ်းပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: