COVID – 19ကြောင့်သားတွေသမီးတွေအတွက် စိုးရိမ်တကြီး ကာကွယ်မှုတွေပြုလုပ်နေတဲ့ ခိုင်နှင်းဝေ

ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့ အနုပညာကြောင့်သာမကပဲ ပရဟိတစိတ်အပြည့်နဲ့ သူတစ်ပါးအတွက် ကူညီစောင့်ရှောက်ပေးနိုင်တဲ့ စိတ်ဓာတ်ကြောင့် လူသိများသူတစ်ယောက် ဖြစ်ပါတယ်။

ခိုင်နှင်းဝေက “ခိုင်နှင်းဝေ ပရဟိတအသင်း” နဲ့ “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ” ကို ဦးစီးတည်ထောင်နေတာ ဖြစ်ပါတယ်။လက်တလောဖြစ်နေတဲ့ Covid – 19 ရောဂါကြောင့် ခိုင်နှင်းဝေက သူမရဲ့ ဂေဟာမှာရှိတဲ့ သားသမီး အယောက် (၃၀) အတွက် စိုးရိမ်တကြီး ပိုးသတ်ဆေးတွေဖြန်းကာ နေရာရွှေ့ပြောင်းမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ခိုင်နှင်းဝေကတော့ မိခင်တစ်ယောက်ပီပီ သူမရဲ့ သားသမီးတွေ ဘေးကင်းလုံခြုံစေဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ စိုးရိမ်တတ်တဲ့ မိခင်တို့ရဲ့ သဘောသဘာဝကို နားလည်သဘောပေါက်ကြမယ် ထင်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*