တောင်ကိုရီးယားရဲ့ ကြောက်စရာကောင်းလှတဲ့ တိတ်တဆိတ်ကိုဗစ်လူနာ အရေအတွက်

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ချီးကျုးစရာကောင်းလောက်အောင် ကိုဗစ် ရောဂါကို ထိန်းချုပ်နိုင်ခဲ့တယ်။ တောင်ကိုရီးယားကို ဗိုင်းရပ်စ် စဝင်ပြီး ဒီနေ့အထိ ၅ လအတွင်း ဗိုင်းရပ်စ်ရှိတယ်လို့ တရားဝင်အတည်ပြုထားတဲ့ လူနာစုစုပေါင်း ၁၂,၇၅၇ ယောက်ရှိတယ်။

ဒါပေမဲ့ မနေ့က ဇွန် ၂၉ ရက် ည ၈ နာရီသတင်းကတော့ တုန်လှုပ်ဖွယ်ဖြစ်ပါတယ်။ လူမသိသူမသိ ကိုရိုနာကူးစက်ခံရပြီးတဲ့ လူမသိသူမသိ ပြန်ကောင်းသွားတဲ့သူတွေက ၄ ဆရှိနေတယ်ဆိုတာပဲ။ ဆိုတော့ အားလုံး ၅ သောင်းကျော်ပေါ့..။

ကျန်းမာရေးဌာနက ပြည်သူ ၁၅၀၀ ကိုစစ်တမ်းကောက်ယူပြီး antibody-based test နဲ့ စမ်းကြည့်လို့ရတဲ့ အဖြေဖြစ်တယ်။ လူ ၁၅၀၀ မှာ ဝ.၁% က ဗိုင်းရပ်စ်ရပြီးသားသူတွေဖြစ်နေတာ အံ့ဩစွာသိလိုက်ရ..။ တောင်ကိုရီးယားက လူဦးရေသန်း ၅၀ နဲ့ တွက်ရင် လူ ၅ သောင်းကျော် ဗိုင်းရပ်စ်ရခဲ့ပြီ။ (မိမိခန္ဓာကိုယ်ထဲကို ကိုရိုနာဗိုင်းရပ်စ် ဝင်ခဲ့ဖူးလေသလားသိချင်ရင် antibody-based test လုပ်ရပါတယ်)

တောင်ကိုရီးယားရဲ့ အမှန်တကယ်လူနာအရေအတွက်တွေဟာ စာရင်းအင်းထက် ၄ ဆနီးပါး ပိုမြင့်နေတယ်ဆိုတော့..၊ လူမသိသူမသိ ဗိုင်းရပ်စ်ရသူ ၄၀,၀၀၀ ကျော်ဆီက ဗိုင်းရပ်စ်တွေ လျှို့ဝှက်စွာပြန့်နေတာခဲ့ပေါ့။

ကမ္ဘာ့အလယ်မှာ ချီးကျုးစရာကောင်းပါတယ်ဆိုတဲ့ တောင်ကိုရီးယားမှာ ရောဂါမသိလိုက်ရတဲ့လူနာတွေ ၄ ဆရှိနေတယ်ဆိုရင်…။ ဒီနေ့အထိ ကမ္ဘာတစ်ဝန်းမှာ ၁၀ သန်းကျော်တဲ့..။ အတည်မပြုနိုင်တဲ့၊ စာရင်းအင်းမရှိတဲ့လူနာတွေ အနည်းဆုံး သန်း ၄၀ ကျော်ရှိနေပြီလားဆိုတာ စဉ်းစားစရာပါ..။

ဒါတောင် တောင်ကိုရီးယားက အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အများကြီးတော်သေးတယ်။ အမေရိကန်မှာ ၁၄% (၁၀၀ မှာ ၁၄ ယောက်)၊ ဆွီဒင် ၆.၁% (၁၀၀ မှာ ၆ ယောက်)၊ ပြင်သစ် ၄.၄% (၁၀၀ မှာ ၄ ယောက်)

ဆေးပညာဂျာနယ်လစ် Cho Dong-chan ကပြောတယ်။ “ ဗိုင်းရပ်စ်ဝင်ပြီးသားသူတွေက ပဋိပစ္စည်းတွေရှိနေတာမို့ အဲဒီလူတွေ ရောဂါထပ်မရတော့ဘူးလို့ တွေးလို့မရပါဘူး။ ဗိုင်းရပ်စ်ထပ်ရတဲ့ လူနာတွေအများကြီး”

အမေရိကန်မှာ တစ်နေ့ တစ်နေ့ ၄ သောင်းကျော်နေတာ ၃ ရက်ဆက်တိုက်ရှိပြီ။ အိန္ဒိယလည်းမလွယ်လှပါ။ ဒီနေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၅၆၂ ၄၅၇ ယောက်။ တောင်ကိုရီးယားကတော့ တစ်နေ့ ၅၀ ဝန်းကျင်။ သတိထားရမယ့်အခြေအနေဖြစ်ပါတယ်။ ဘာတွေထပ်ဖြစ်လာဦးမလဲ ဘယ်သူမှမသိနိုင်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*