သတိမေ့နေချိန်မှာ ဘယ်တွေသွားနေခဲ့လဲဆိုတာ ပြောပြလိုက်တဲ့ ဦးမန်းဝင်း

” ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ ” ပြောမယ် ” ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ ” ရွာရောက်နေတာ ”( အဖေ့ဇာတိ ကမာကယာကျေးရွာပါ ) အဖေ့ကို ဘယ်သူခေါ်သွားတာလဲ ”

” ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ ” ရွာမှာဘယ်သနဲ့တွေ့ခဲ့သေးလဲ ”” အမေနဲ့ ” ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ ) အဖွားက ဘယ်မှာနေလဲအဖေ ”” သူ့အိမ်လေးမှာနေတယ် ”” အဖွားက စကားပြောလား ” မပြောဘူး ”

” အဖေ့ကိုရော မြင်လား ” မြင်တယ် မပြောတာ ””အဖွားက ရွာမှာဘာလုပ်နေတာလဲ ”” ဥပုသ်စောင့်နေတယ် ”” တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား ”” မတွေ့ပါဘူး ”” တောကုလားကြီးရော တွေ့လား ”( အဖေ့အစ်ကိုကြီးပါ )” မတွေ့မိဘူး ” အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ ” အဖေ့ဘာသာ ပြန်လာတာ ”လေသံထွက်ပြီး အားလုံးနီးပါး မှတ်မိပါတယ် …အဖေဦးမန်းဝင်းကို ချစ်ကြသူအားလုံး အယောက်စီတိုင်း ကျန်းမာကြပါစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*