ပရိသတ်တွေအတွက် ရွှေလော့ကတ်နဲ့ လက်ဆောင်ပစ္စည်းတွေ မဲဖောက်ပေးသွားမယ့် ပွင့်နဒီမောင်

ဟိုးအရင်အချိန်ကတည်းက ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ပွင့်နဒီမောင်ကတော့ အခုချိန်မှာဆိုရင်လည်း ဇာတ်လမ်းတွဲတွေ၊ အခြားအနုပညာလှုပ်ရှားမှုတွေနဲ့ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာသူတစ်ယောက်ပါ။ လတ်တလော ကိုဗစ်ကာလမှာတော့ သရုပ်ဆောင်ထူးခြားနဲ့အတူ စပါယ်ရှယ်ဝက်နံရိုးဟင်းလျာတွေကို ရောင်းချပေးလျက်ရှိပါတယ်။

ပရိသတ်နဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ရက်စာမျက်နှာမှာ တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးနေသူတစ်ယောက်ဖြစ်ပြီး ဒီနေ့မှာတော့ ပရိသတ်တွေအတွက ်ထူးထူးခြားခြားအစီအစဉ်လေးတစ်ခုပြုလုပ်ထားကြောင်း မျှဝေခဲ့ပါတယ်။

“စိတ်ကူးပေါက်လို့ မနက်ဖြန်ည7:00 live ပြောရင်း ကံစမ်းမဲဖောက်ကြမယ်လေ.. မေးခွန်းက (၁၀) ခု… လွယ်လွယ်လေးပဲမေးမှာ… စီမီးရဲ့ အကြောင်းပဲမေးမှာနော်

ခုပေါက် ခုပို့ပေးမယ်… ပြီးတော့ covid ကာလမှာ စီမီးသိထားတဲ့ လျှို့ဝှက်ချက်တစ်ခုကိုလည်း ပြောကြမယ်လေ… အိုကေနော်” ဆိုပြီး ပရိသတ်တွေအတွက်ပြုလုပ်ထားတဲ့အစီအစဉ်လေးကို မျှဝေခဲ့ပါတယ်။

သူ့ရဲ့ကံစမ်းမဲအစီအစဉ်မှာတော့ ရွှေလော့ကတ်၊ ဖုန်းဘေလ်နဲ့ မိန်းကလေးတွေအတွက် အလှကုန်ပစ္စည်းနဲ့ ပိတ်စတို့ကို မဲဖောက်ပေးသွားမှာပါ။ ပွင့်နဒီမောင်ကတော့ မေးခွန်းလေးတွေကို လွယ်လွယ်လေးတွေပဲမေးသွားမှာဖြစ်ပြီး အခုပေါက် အခုပို့ပေးမှာဆိုတော့ မနက်ဖြန်ည (၇)နာရီ လက်မလွှတ်တမ်း စောင့်ကြည့်ပြီး မေးခွန်းလေးတွေဖြေလိုက်ရအောင်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: