ထူးဆန်းတဲ့ ရွှေညောင်ပင်က ၂ လုံး ၊ ၃ လုံး ချဲဂဏန်းတွေ အထင်အရှားပေးနေလို့ လူပေါင်း များစွာရောက်ရှိလာ

ထိုင်းနိုင်ငံက ထူးဆန်းတဲ့ရွှေညောင်ပင်မှ တတိယအကြိမ် ချဲဂဏန်း ၃ လုံး ၊ ၂ လုံး ကိုအထင်အရှားပေးသည်ဟုဆိုကာ လူအများလာရောက်ပူဇော်ပသကြပြန်ပြီဇွန်လ ၃၀ ရက် အခုတလောထိုင်းမှာ အထူးအဆန်းဆိုရင် ချဲဂဏန်းတောင်းကြတဲ့ပို့စ်အတော်များများကိုမြင်တွေ့နေရတယ် ၊ ပြီးခဲ့တဲ့မေလတုန်းကလည်း အူဒွန်ထာနီ ( Udonthani ) ခရိုင် ဖိန်မြို့ နယ် ( Phen ) ၊ ဘန့်ထတ်ကျေးရွာအုပ်စု ၊ နားဖွန်ဆတ်ကျေးရွာအနီး အသက် ၉၄ နှစ်အရွယ် နိုင်ဒီး ရဲ့လာ်ကွင်းစပ်မှာပေါက်နေတဲ့။

သက်တမ်းနှစ် ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ ညောင်ပင်အောက်မှနောက်ထပ်ညောင်ပင်ရဲ့အရွက်အားလုံးဟာ လွန်ခဲ့တဲ့ ၃ လကတည်းက ရွှေရောင်လိုဝင်းပနေပြီး အရောင် ၄ မျိုးပြောင်းသည်ဟု အသက် ၄၉ နှစ်အရွယ် နန်းထန်ချနုတ် မှဆိုပါတယ် ။ပထမမှာတော့ ပန်းရောင် ၊ နောက်တော့ဖက်ဖူးရောင် ၊ အဲ့ဒီမှတဆင့်အဝါရောင် ၊ နောက်တော့အဖြူရောင်သို့ပြောင်းပြိး ယခုလိုဘဲ ရွက်ဟောင်းရွက်နုလဲသည်အထိပါဘဲ ။

တစ်ခါတစ်ရံမှာ ညောင်ရွက်မှာ သင်္ချာဂဏန်းတွေထင်ရှားစွာမြင်တွေ့ကြရတာမို့အနီအနားကဒေသခံ ၃၀၀ လောက်ဟာ သတင်းကြားပြီးညောင်ပင်ကိုလာရောက်ပူဇော်ကြပသကြပါတယ် ၊ပြီးခဲ့တဲ့အပတ်တွေကချဲဂဏန်း ၇၇၈ ၊ ၅၆၈ ကိုလည်း ဒီညောင်ပင်ကရခဲ့ကြတယ်လ်ု့ဆိုပါတယ် ။ ယခုလည်း ဇွန်လ ၂၉ ရက်နေ့က ချဲဂဏန်း သုံးလုံးဂဏန်းဖြစ်တဲ့ 178 ၊ နှစ်လုံးဂဏန်း 59 ကိုမြင်တွေ့ကြသလို တစ်ချို့လည်း 80 နဲ့ 29 ကိုမြင်တွေ့ကြတဲ့အတွက် သတင်းထောက်တွေနဲ့ဒေသခံပြည်သူတွေ ခြေချင်းလိမ်နေကြပါတယ် ၊

ဒေသခံတွေကတော့အမွှေးတိုင်တွေထွန်းညှိပူဇော်ပသကြပါတယ် ။ ဒီရွှေညောင်ပင်ကနေပထမဆုံး နှစ်လုံးဂဏန်း 95 ကိုရခဲ့ပြီး ထီပေါက်ခဲ့တဲ့သူကတော့ လယ်ပိုင်ရင်နိုင်ဒီးရဲ့ သားမက်နဲ့သမီးတို့ဘဲဖြစ်ကြပါတယ်လို့ ဆိုပါတယ် ။ယခုလည်း ဟုတ်မဟုတ်စောင့်ကြည့်ရပါတော့မည် #မှတ်ချက် #ယုံကြည်သင့်မှယုံကြည်ပါ #လောင်းကစားခြင်းသည်ဥပဒေနှင့်ငြိစွန်းပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*