သူပိုင်တဲ့ ခြံအကျယ်ကြီးထဲမှာ နောင်လာနောက်သားတွေအတွက် အပင်ပန်းခံပြီး အပင်တွေစိုက်ပျိုးနေတဲ့ ခင်လှိုင်

သူပိုင်တဲ့ ခြံအကျယ်ကြီးထဲမှာ နောင်လာနောက်သားတွေအတွက် အပင်ပန်းခံပြီး အပင်တွေ ကိုယ်တိုင်စိုက်ပျိုးနေတဲ့ ခင်လှိုင်(ရုပ်/သံ)ခင်လှိုင်က ဟာသ၊ အက်ရှင်၊ ဒရမ်မာ စတဲ့ ဇာတ်ရုပ်မျိုးစုံကို ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။

ခင်လှိုင်က အကယ်ဒမီဆုကြီးနဲ့ အကြိမ်ကြိမ်လွဲချော်နေပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲက အားပေးမှုကို အခိုင်အမာရရှိနေတာပဲ ဖြစ်ပါတယ်။ခင်လှိုင်ကလည်း ပရိသတ်တွေ အားပေးရကျိုးနပ်အောင် အနုပညာအလုပ်တွေကို ကြိုးစားပြီးလုပ်ကိုင်နေလျက်ရှိပါတယ်။

လက်ရှိမှာ ရှုတင်ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ ခင်လှိုင်က မှော်ဘီက သူပိုင်ဆိုင်တဲ့ ခြံအကျယ်ကြီးထဲမှာပဲ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

 

ခင်လှိုင်က သူ့ရဲ့ ခြံအကျယ်ကြီး စိမ်းလန်းစိုပြည်ဖို့အတွက် အခုကတည်းက အပင်လေးတွေ သေသေချာချာစိုက်ပျိုးပြီး အပင်ပန်းခံနေရတာကို အခုလိုပဲတွေ့ရပါတယ်။

ခင်လှိုင်ကတော့ သူပိုင်ဆိုင်တဲ့ ခြံအကျယ်ကြီးထဲမှာ နောင်လာနောင်သားတွေ အေးအေးချမ်းချမ်းနေရဖို့အတွက် အပင်မျိုးစုံကို စိုက်ပျိုးနေတာပဲ ဖြစ်ပါတယ်။အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*