မိသားစုဝင်တွေ စိတ်ကျေနပ်ပျော်ရွှင်ရလောက်တဲ့အထိ ကျန်းမာရေးအခြေအနေ ကောင်းမွန်တိုးတက်နေပြီဖြစ်တဲ့ ဦးမန်းဝင်း

နိုင်ငံကျော် ဟာသလူရွှင်တော်၊ ဟာသသရုပ်ဆောင် ဦးမန်းဝင်းကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျန်းမာရေးအခြေအနေတွေ ချို့ယွင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ဦးမန်းဝင်းက ပြီးခဲ့တဲ့လက ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးခွဲစိတ်မှုအပြီး သတိပြန်မလည်လာခဲ့တာကြောင့် မိသားစုတွေက စိုးရိမ်ကြီးစွာ ဖြစ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအချိန်ကို ရောက်ရှိပြီလို့ အားလုံးက ထင်ထားကြတဲ့ ဦးမန်းဝင်းက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတိပြန်လည်လာခဲ့တာကို တွေ့ရပါတယ်။

ဦးမန်းဝင်းကအခုဆိုရင် ထူထူထောင်ထောင်ဖြစ်နေပြီး အရင်ကထက်စာရင် အခြေအနေတွေအများကြီးတိုးတက်လာခဲ့တာကို တွေ့ရပါတယ်။ ဦးမန်းဝင်းအတွက် စိုးရိမ်ပူပန်ခဲ့ရတဲ့ မိသားစုဝင်တွေကလည်း ဦးမန်းဝင်း အခုလို သက်သာလာတာကြောင့် ပြုံးပျော်နေကြတာကိုလည်းပရိသတ်ကြီး တွေ့နိုင်ပါတယ်။

ဦးမန်းဝင်းကတော့ နေမကောင်းသူတစ်ယောက်ပီပီ ခွဲစိတ်မှုအမျိုးမျိုး ပြုလုပ်ခဲ့ရပြီး ခွဲစိတ်မှုတိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဦးမန်းဝင်းတစ်ယောက် ဒီထက်မက သက်သာပျောက်ကင်းဖို့ ဆုတောင်းပေးကြပါဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*