မင်္ဂလာဦးဆွမ်းကျွေးအလှူကို အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာပြုလုပ်ခဲ့တဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ

ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ကတော့ ပြီးခဲ့တဲ့ ၆.၆.၂၀၂၀ရက်နေ့မှ ာနှစ်ဖက်မိဘတွေရဲ့ သဘောတူညီချက်နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သူမကတော့မင်္ဂလာဧည့်ခံပွဲကို ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲကျင်းပသွားမယ်ဆိုတဲ့အကြောင်း သူမရဲ့လူမှုကွန်ရက်မှာဖော်ပြထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၇.၆.၂၀၂၀ရက်နေ့ကလည်း မင်္ဂလာဦးဆွမ်းကျွေးအလှူအဖြစ် အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာမြတ်စွာဘုရားရှင်နှင့်တကွ သံဃာတော်အရှင်သူမြတ်တို့အားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ အဲဒီအလှူအကြောင်းလေးကိုတော့ အိမ့်ချစ်ကအလှူပုံရိပ်လေးတွေနဲ့အတူ”မင်္ဂလာဦးဆွမ်းကျွေးအလှူအဖြစ် ၂၇.၆.၂၀၂၀ ရက်နေ့တွင်အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ မြတ်စွာဘုရားရှင်နှင့်တကွသံဃာတော်အရှင်သူမြတ်တို့အားနေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပါသည်

(အခြေအနေအရ လှူဒါန်းမှုသာအဓိကမို့ မည်သူ့ကိုမျှဖိတ်ကြားခြင်းမပြုပဲ မိသားစုနဲ့သာဆွမ်းကပ်ခဲ့တာမို့သတင်းမီဒီယာများလဲ ယခုတင်ထားတဲ့ပုံများကိုအသုံးပြုနိုင်ပါတယ်ရှင့်)”ဆိုပြီး ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေအိမ့်ချစ်တို့ဇနီးမောင်နှံရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်..။

Be the first to comment

Leave a Reply

Your email address will not be published.


*