ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာအပေါ် လေးစားမှုရှိတဲ့ ဇနီးသည်အကြောင်း ပြောလာတဲ့ လင်းလင်း

ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာအပေါ် လေးစားမှုရှိတဲ့ ဇနီးသည်ချစ်သုဝေအကြောင်း ပြောလာတဲ့ လင်းလင်းအဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာ၊ တစ်ယောက်ကိုတစ်ယောက် လေးစားယုံကြည်မှုတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ချစ်သုဝေနဲ့ လင်းလင်းက ကိုးကွယ်ယုံကြည်တဲ့ ဘာသာချင်းမတူညီကြပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ အချင်းချင်း လေးစားမှုရှိကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း လင်းလင်းက ချစ်သုဝေရဲ့ ဗုဒ္ဓဘာသာကိုလေးစားမှုရှိတဲ့ပို့စ်လေးကို ရှဲပြီး ချစ်ဇနီးရဲ့အကြောင်းကို အခုလိုပဲပြောပြထားပါတယ်။“ကျွန်တော်တို့ရပ်ကွက် မန္တလေး ၂၇ လမ်း ဟေမာဇလရပ်ကွက်မှာ ဆုတောင်းပြည့် ဘုရားဝင်းရှိတယ်။ ဘုရားဝင်းရဲ့ အဝင် မုခ်ဦးနဲ့စောင်းတန်း ကို ကျွန်တော်တို့ လင်မယားနှစ်ယောက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လှူဒါန်းကြတယ်။

အဲဒီမှာ အားလုံးပြီးလို့ တရားနာပြီး အလှူရေစက်ချတော့ ရေစက်ခွက်တစ်ခွက်ကို ကိုယ်ရှေ့မှာယူပြီး ရေစက်ချတယ်။ သူ့ရဲ့လက်က ကျွန်တော့လက်ပေါ်ရောက်လာပြီး အတူတူရေစက်ချဖြစ်တယ်။ မိန်းမရဲ့ဒီပိုစ့်ကိုဖတ်ပြီး အဲဒီအဖြစ်အပျက်လေးကို ချက်ခြင်းသွားသတိရမိတော့ သူ့ကိုအားနာမိပါရဲ့။” ဆိုပြီး ပြောထားပါတယ်။လင်းလင်းက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူဖြစ်ပြီး ချစ်သုဝေက ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်သူဖြစ်ပေမယ့် သူတို့ဇနီးမောင်နှံနှစ်ယောက်ကြားမှာ ဘာမှထွေထွေထူးထူးညှိယူနေစရာမရှိတာကို ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: