နန္ဒာလှိုင့်ခင်ပွန်းသူဌေးကြီးကို လူတွေနှစ်သက်အားကျနေရတဲ့အကြောင်းအရင်းစော်မရှုပ်ဘူး

ပရိသတ်တွေ အသည်းစွဲချစ်ခဲ့ကြတဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟနဲ့ လက်ထပ်ပြီးနောက် အနုပညာအလုပ်တွေ ရပ်နားခဲ့ပြီး အိမ်ထောင်ရှင်မကောင်းတစ်ယောက် အဖြစ် သားသမီးတွေနဲ့ အတူ ပျော်ရွှင်စွာနေထိုင်နေတဲ့

အနုပညာရှင်တစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူရဲ့ ချစ်ခင် ဂရုစိုက်မှုတွေကို ခံရပြီး အိမ်ထောင်ရေး ကံကောင်းသူမို့ ပရိသတ်တွေအားကျနေရတဲ

အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့သူဆိုလည်း မမှားပါဘူးနော်။ အိမ်ထောင်ပြုပြီး ခင်ပွန်းဖြစ်သူရဲ့ ချစ်ခင်အလိုလိုက်မှုတွေ အလိုက်သိမှုတွေကြောင့် ကံကောင်းတဲ့သူလို့တောင်

ပရိသတ်တွေက အခိုင်အမာမှတ်ချက်ချခဲ့ကြတာပါ။ လတ်တလောမှာတော့ ခင်ပွန်းဖြစ်သူရဲ့ Comment တခုကို ပရိသတ်တွေက ဝန်းရံအားပေးနေကြတာတွေ့ရပါတယ်။ ဦးဇေသီဟက

ဇနီးဖြစ်သူအပေါ် ပြုမူလေ့ရှိတဲ့အချက်လေးတွေကို ရေးသားထားတာဖြစ်ပြီး မိန်းကလေးတိုင်းလိုချင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ပုံစံဖြစ်ကြောင်း ပရိသတ်တွေက ဝေမျှခဲ့ကြတာပဲဖြစ်ပါတယ်။ဦးဇေသီဟကတော့ ဒီပို့စ်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြန်လည်မျှဝေပေးခဲ့ပြီး တော်ကီတစ်ပေါက် စော် တစ်ယောက် လို့ ဟိုဘဝက ဆုတောင်းခဲ့တာ ပြန်ရုတ်သိမ်းလိုက်ပါပြီ

။ အခုက အိမ်ထောင်ရှင်တွေပါ ဝန်းရံနေကြလို့ နောက်တခကျါ လွှတ် မမန့်တော့ပါဘူး ဆိုတဲ့စာသားလေးကို အရွှန်းဖောက်ရေးသားထားပါသေးတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: