ကျွန်တော်တို့က အနုပညာသမားတွေပါ အဲဒီလောက်မရက်စက်ပါဘူး ဟု မင်းရာဇာပြော

အိမ်အကူမိန်းကလေးအား အဓမ္မကျင့်မှု၊ မိန်းမကိုယ်အား အက်စစ်ဖြင့်ပက်မှုများဖြင့် အရေးယူခံထားရသည့် သရုပ်ဆောင်မင်းရာဇာနှင့်အပေါင်းပါလေးဦးတို့ကို ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ၅ ကြိမ်မြောက် ရုံးထုတ်သည်။

ထိုသို့ရုံးထုတ်ရာတွင် ရုံးသို့အဝင်တွင် သရုပ်ဆောင်မင်းရာဇာက”ကျွန်တော်တို့က အနုပညာသမားတွေပါ။ အဲ့ဒီလောက်မရက်စက်ပါဘူး”ဟု ပြောသွားသည်။

အမှုတွဲအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပေးပို့ထားပြီး ပြန်လည်ရောက်ရှိခြင်းမရှိသေးသည့်အတွက် ယခုရုံးချိန်းတွင် စစ်ဆေးမေးမြန်းမှုမပြုလုပ်ဘဲ ဇူလိုင် ၂ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှ ပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး (၁) ဖြစ်သူ ဦးဇေယျာဦးက ပြောသည်။

စွပ်စွဲအရေးယူခံထားရသူများကိုတင်ဆောင်လာသည့်အချုပ်ကားကို တရားရုံးဝင်းထဲထိ မောင်းဝင်ခြင်းနှင့်ပတ်သက်၍ မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားရာတွင် “ယနေ့မှာ အချုပ်ကား တရားဝင်းအတွင်းထည့်ခြင်းဟာ ထူထူးခြားခြား ဆောင်ရွက်ခြင်း မဟုတ်ပါဘူး။ မေးမြန်းတဲ့အမှုမှာ ထူးခြားတဲ့အခြေအနေတွေကြောင့်လည်း မဟုတ်ပါဘူး။ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီး အချုပ်ကားပေါ်ပါလာတဲ့အချုပ်သားတွေရဲ့ လုံခြုံရေးကိစ္စကို ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: