ရုပ်ရှင်လောကသားများအတွက် ပြည်ခိုင်ဖြိုးပါတီ ကျပ်သိန်း ( ၃၀၀ ) လှူ ဒါန်း

စေတနာသန့်သန့်ရှင်းရှင်းဖြင့် လှူခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြော COVID-19 ကြောင့် အခက်အခဲကြုံနေရသည့် ရုပ်ရှင်လောကသားများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ကြောင်း အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောသည်။

‘‘မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့က နိုင်ငံရေးအသွေး အရောင် ဘာမှမရှိဘူး။ ကိုယ့် လောကသားတွေအတွက် လှူ ဒါန်းတာဆိုတော့ ဘယ်လိုအသင်း အဖွဲ့မဆို လက်ခံပါတယ်။ အခုလို လောကသားတွေ စားဝတ်နေရေး အဆင်မပြေခက်ခဲနေတဲ့အ ချိန်မှာ ဘယ်သူ့မဆို လက်ခံပါ တယ်’’ဟု ၎င်းက ပြောသည်။ လာရောက်လှူဒါန်းသည့် ဦးပိုက်ထွေးနှင့် ယခင်ကတည်းက ရင်းနှီးမှုရှိပြီး နိုင်ငံရေးနှင့်ပတ် သက်သည့်အရာများလည်း ပြောကြားခြင်းမရှိကြောင်း ၎င်းက ဆို သည်။

လက်ရှိကာလတွင် ရုပ်ရှင်အလွှာအသီးသီးမှ အဖွဲ့သားများ သည် ရုပ်ရှင်မရိုက်ရသောကြောင့် စားဝတ်နေရေး ခက်ခဲကျပ်တည်း နေကြသည်ကို မီဒီယာများတွင် တွေ့ရှိလာသောကြောင့် ပြည်ခိုင်ဖြိုးပါတီက အထောက်အပံ့တစ် ခုအနေဖြင့် ကူညီပေးခြင်းဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာ လှမြင့်က ပြောသည်။ ‘‘ကျွန်တော်တို့က ရုပ်ရှင်လောကသားတွေကို ကျွန်တော်တို့ကို မဲပေးပါလို့ပြောတာ မဟုတ် ဘူး။ စေတနာသန့်သန့်ရှင်းရှင်းနဲ့ သွားလှူတာပါ’’ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: