ဘယ်တော့မှအနုပညာလောကထဲ ဝင်မလာတော့ဘူးလို့ စိတ်နာနာနဲ့ ပြောလိုက်တဲ့ နဝရတ်

ဘယ်တော့မှ ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကထဲ ဝင်မလာတော့ဘူးလို့ စိတ်နာနာနဲ့ ပြောလိုက်တဲ့ နဝရတ်တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရုပ်ရှင်လောကမှာ နောက်ဆုံးအနေနဲ့ တွေ့မြင်ခဲ့ရတဲ့ နဝရတ် ဟာ “သူတောင်းစား” ကာရိုက်တာကနေ ”သူဌေးသမီး “ကာရှိုက်တာ အဆုံးထိ ဟာကွက်တစ်ခု မရှိပဲ ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမ ဖန်တီးပြခဲ့တဲ့ အနုပညာကို အစကနေ အဆုံးထိ တာဝန်ယူမှုအပြည့်ရှိခဲ့ပြီး (၁၅)နှစ်တာ အချိန်ကာလ ပတ်လုံး သူမရဲ့ နုငယ်ပျိုမြစ်မှုတွေနဲ့ အလှတွေကို နှစ်မြုပ်ထားကာ ပရိသတ် အသုံးတော်ခံသရုပ်ဆောင်ပြခဲ့သူပါ။

ငွေကြေး ဓန ပြည့်စုံတဲ့ မင်းသမီးတစ်ယောက်ဖြစ်သော်လည်း ဝါသနာအရ အနုပညာလမ်းကြောင်းမှာ ရပ်တည်နေသူဖြစ်ပြီး “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ” မှာတော့အကယ်ဒမီဆုရရှိနိုင်ချေ စကာတင် မင်းသမီးစာရင်းမှာ ပါဝင်ခဲ့သော်လည်း အကယ်ဒမီဆုကြီးနဲ့ လုံးဝလွဲခဲ့ရတာပဲမို့ နဝရတ် ပရိသတ်တွေ အလွန်ကိုစိတ်မကောင်းဖြစ်ခဲ့ရပြီးအကောင်းဆုံးကြိုးစားခဲ့ရတဲ့ နဝရတ်ကိုယ်တိုင်ကလည်း လက်ရှိမှာတော့ အနုပညာလောကကို သေခန်းပြတ် ထွက်သွားဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်လို့လည်း ဆိုရမှာပါ။

အခွင့်အရေးကြုံလာမယ်ဆိုရင်တောင် အနုပညာအလုပ်တွေကို လုံး၀ ပြန်မလုပ်တော့ဘူးလို့ ယတိပြတ်ပြောကြား လာခဲ့တဲ့ နဝရတ်ကတော့ ပရိသတ်တွေရှေ့ ရုပ်ရှင် မင်းသမီးနဝရတ်အဖြစ် ဘယ်တော့မှ မြင်တွေ့ရတော့မျာ မဟုတ်ပါဘူး။ လက်ရှိမှာတော့ နဝရတ်ဟာ သူမရဲ့ မိဘနှစ်ပါးမှာ ဖခင်ဖြစ်သူ ဆုံးသွားခဲ့ပြီဖြစ်သော်လည်းကျန်ရစ်သူ မိခင်ကို ခြေဆုပ်လက်နယ် ပြုစုရင်း အချိန်ကုန်နေတာကိုမှ အရမ်းကို အေးချမ်းမှု ရှိပြီး တစ်သက်တာလုံးဖြတ်သန်းတော့မှာ ဖြစ်သလို ဘယ်တော့မှလည်းသူမ အိမ်ထောင်ပြုမဲ့ သတင်းကို ကြားရမှာ မဟုတ်ဘူးလို့လည်း ဆိုထားသူဖြစ်ပါတယ်။ နဝရတ်ကိုယ်တိုင်ကလည်း ချစ်တဲ့ ပရိသတ်တွေကိုလည်း တမ်းတမ်းတတကြီး လွမ်းဆွတ်နေမှာ အမှန်ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: