အသက်(၂၄)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ တစ်ချိန်က ကလေးသရုပ်ဆောင်စုမေ

ပရိသတ်ကြီးရေ အရမ်းချစ်ဖို့ကောင်းပြီး အရမ်းစကားတက်ပြီး လည်တဲ့ ကလေးသရုပ်ဆောင်လေး စုမေကတော့ Hi – Tea၊ Java Coffee စတဲ့ ကြော်ငြာလေးတွေနဲ့ လူသိများခဲ့သူလေးဖြစ်ပါတယ်။သူကမတော့ ကြော်ငြာများမှာသာမကပဲ ရုပ်ရှင်ဇာတ်ကားများမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အချစ်ပိုနေရသူလေးဆိုလဲမမှားပါဘူးနော်။

စုမေလေးကတော့ ငယ်စဉ်ကတည်းက နိုင်ငံရပ်ခြားကို မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အခုဆိုရင်တော့ နိုင်ငံခြားမှာဘွဲ့ရတဲ့အထိဖြစ်နေပါပြီ။သူကတော့မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံကိုလည်း မကြာခဏပြန်လာလေ့ရှိပြီး အလှူအတန်းတွေပြုလုပ်လေ့ရှိသူလေးလဲဖြစ်ပါတယ်။

မနေ့က ဇွန်လ(၁၁)ရက်နေ့လေးကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာသွားပြီဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော်လေး စုမေကရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။စုမေလေးကတော့ အခုဆိုရင် အသက်(၂၄)နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း တစ်ချိန်ကအားလုံးကချစ်ရတဲ့ ကလေးသရုပ်ဆောင်လေး စုမေအတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါအုံးနော်

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: