သူခိုး ဓားပြ ဒုစရိုက်သမားများကပါ ဦးညွှတ်ရသော မြန်မာအနုပညာရှင်၂ယောက်

ထူးအိမ်သင်။ ။ ထူးအိမ်သင် ဟာညဘက် ဘီယာ ဆိုင်ကအပြန် ကားတစ်စီးနဲ့တိုက်မိပါတော့တယ် သူနဲ့အတူနီကိုရဲလည်းပါပါတယ်

တဖက်ကကားသမားတွေက တုတ်တွေနဲ့ဝိုင်းရိုက်ရအောင် လာကြသောအခါ နီကိုရဲ ကတော့ကားလော့ချထားဖို့ပြောပါတယ် ထူးအိမ်သင်ဟာ ကားတံခါးကိုဖွင့်ပြီး ထွက်တွေ့တဲ့အခါ ဟာ ကိုငှက်ကြီးဟ ဆိုပြီး တုတ်တွေပစ်ချ ပြေးဖက်ကာ သူတို့မှားတာဖြစ်ပါကြောင်း တောင်းပန်ရင်း ဘီယာတောင်ထပ်လိုက် တိုက်ခဲ့ပါသေးတယ်တဲ့ဗျာ။

ဒွေး။ ။ သူခိုးတစ်ယောက်ဟာ အိမ်တအိမ်က မီးခံသေတ္တာ ကိုဖောက်ထွင်းပြီးပါပြီ ပစ္စည်းတွေထုတ်ပြီး

ဆင်းဖို့ကြံစဉ် သူခိုးဟာ အတွေးဝင်လာပါတယ် ဒီလောက်ခမ်းနားကြီးကျယ်တဲ့အိမ်ကြီးမှာ ဘယ်သူတွေများနေကြသလဲလို့ သိချင်စိတ်နဲ့ အိမ်ရှင်အခန်းထဲထိသွားကာဝင်ကြည့်ပါတော့တယ်

သူအရမ်း လေးစားချစ်ခင်ရတဲ့ ကိုသားကြီး အိမ်ဖြစ်နေသောအခါ ပစ္စည်းတွေကိုကုတင်ပေါ်တင်ထားခဲ့ပြီးစာတစ်စောင်ရေးထားခဲ့ပါတယ် ကျနော်ကိုသားကြီးပရိတ်သတ်ပါ ကိုသားကြီး အိမ်မှန်းမသိလို့ဝင်ခဲ့မိတာ တောင်းပန်ပါတယ်ခမျာတဲ့ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: