ယူရိုသန်း(၁၀၀) ကျော်ကံထူးရှင် ဇနီးမောင်နှံ ပိုင်ဆိုင်မှုတွေဓါးပြတိုက်ခံလိုက်ရ

ဇနီးမောင်နှံနှစ်ဦးစလုံးဟာ ကြိုးနဲ့ချည် ရိုက်နှက်ခံရတာမျိုးတွေအထိ ရှိခဲ့ပြီး၊ ပိုင်ဆိုင်မှု တော်တော်များများကိုလည်း ဓားပြလက် အပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ယူရိုသန်းရာကျော် သူဌေးကြီး ဇနှီးမောင်နှံရဲ့အမည်ကတော့ David နဲ့ Angela Dawes တို့ဖြစ်ပါတယ်။ သူတို့ဟာ ဓားပြတိုက်ခံခဲ့ရပြီးနောက် Rother District Council အာဏာပိုင်တွေကို လုံခြုံရေးပေးဖို့ တောင်းဆိုခဲ့သလို၊ CCTV ပါမစ်လည်း တောင်းဆိုခဲ့ပါတယ်။

David နဲ့ Angela တို့ဟာ (၂၀၁၁)ခုနှစ်မှာ ဗြိတိန်ရဲ့အမြင့်ဆုံးထီဆုကို ဆွတ်ခူးခဲ့ပြီး၊ လက်ရှိ သမိုင်းတစ်လျှောက်မှာတော့ သတ္တမမြောက် အမြင့်ဆုံးကံထူးရှင်တွေ ဖြစ်ခွင့်ရခဲ့သူတွေပါ။

သူတို့ဟာ အဆိုတော် Tom Jones ရဲ့ ပေါင်သန်းချီ နေအိမ်ကိုတောင် ဝယ်ယူနေထိုင်ခဲ့ပါတယ်။David တို့ ဇနီးမောင်နှံဟာ Etchingham မှာ နေထိုင်ကြပြီး၊ ဓားပြတွေက ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရလို့ ဇနီးဖြစ်သူဟာ အလွန်ကြောက်ရွံ့စိုးရိမ်နေတယ်လို့ အသက်(၅၆) နှစ်အရွယ် David က ပြောပါတယ်။

သူရဲ့ဇနီးကတော့ အသက်(၅၂) နှစ်ဖြစ်ပါတယ်။ ဓားပြတွေဟာ မျက်နှာဖုံးတွေ ကိုယ်စီစွပ်ထားကြပြီး၊ ပေါင် (၂)သောင်းကျော်၊ လက်ဝတ်လက်စားတွေနဲ့David တို့ပိုင်ဆိုင်တဲ့ Range Rover ကားကိုပါ ရယူပြီး မောင်းနှင်ထွက်ပြေးသွားခဲ့တာပါ။

အဆိုပါ ကားကို အခင်းဖြစ်နေရာနဲ့ မိုင်(၂၀) ကျော်အဝေးမှာ မီးရှို့ဖျက်ဆီးထားတာကို ခံထားရပါတယ်။ဓားပြတွေလို့ သံသယရှိတဲ့ လူ(၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပေမဲ့ ယခုဖြစ်စဉ်နဲ့ပါတ်သက်လို့ ဝန်ခံမှုမျိုးကို မရရှိသေးသလို၊ပစ္စည်းတွေ ဖျောက်ဖြတ်ထားကြောင်း သဲလွန်စတွေလည်း ရဲဘက်က ကွင်းဆက်ပျက်နေလို့ အမှုတည်ဆောက်ဖို့ ကြံ့ကြာနေဆဲလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: