ဦးနှောက်သွေးယိုစိမ့်မှုကြောင့် မေဒါဝီဆေးရုံမှာ အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ဦးမန်းဝင်း

ဆယ်စုနှစ်ပေါင်းများစွာ ဟာသပညာနဲ့ ပရိသတ်ရဲ့အချစ်ကို သိမ်းပိုက်ထားသူ ဦးမန်းဝင်းက တော့ ဒီနေ့နေ့လည်မှာပဲ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။ ဦးမန်းဝင်းကတော့ လွန်ခဲ့တဲ့လေးလလောက်ကလည်း ရုတ်တရက်နှလုံးရပ်သွားတာ ကြော င့် အရေးပေါ်ဆေးရုံတက်ကာ ကုသမှုခံယူခဲ့ရပါသေးတယ်။

ဒီနေ့မှာလည်း တစ်ခါ ဦးနှောက်သွေးယိုစိမ့်ခဲ့တာကြောင့် သားဖြစ်သူ ချမ်းသာမန်းဝင်း ကတော့ ဦးမန်းဝင်းဆေးရုံတတ်ရောက်ခဲ့ရတဲ့အကြောင်းနဲ့ ပုံရိပ်တချို့တို့ကို မျှဝေခဲ့ပါတယ်။ သမီးဖြစ်သူ ဟေမာမန်းဝင်းကလည်း ” ဖေကြီး ခံစားနေရတဲ့ရောဂါတွေကို မကြည့်ရက်ပါဘူး အဖေရယ်.. ဖေကြီးအမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးခဲ့ပါဦး” ဆိုပြီး သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာမှာ စိတ်မကောင်းစွာမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ

အောင်မြင်ကျော်ကြားတဲ့ ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ပြီး အခုနောက် ပိုင်းမှာ ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေကြောင့် အနုပညာခြေလှမ်းကျဲနေခဲ့ရတဲ့ ဦးမ န်းဝင်းတစ်ယောက် အမြန်ဆုံးပြန်လည် သက်သာလာစေဖို့ ဝိုင်းဝန်းဆုတောင်းပေး ခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: