ရွာဦးဘုန်းကြီးကျောင်း၊စေတီ၊ ဓမ္မာရုံပြုပြင်ဖို့အတွက် တစ်သက်သာရှာဖွေစုဆောင်းထားသမျှတွေကိုလှူဒါန်းလိုက်တဲ့အမျိုးသမီး

မြန်မာလူမျိုးတွေဟာ အလှူအတန်းနှင့်ပတ်သက်လာလျှင် ဘယ်တုန်းကမှ လက်မနှေးခဲ့ဘူးဆိုတာ အားလုံးအသိပါ။ဒါကြောင့်လည်း မြန်မာရယ်လို့ ထင်ထင်ရှားရှားဝံ့ကြွားနေနိုင်တာဖြစ်ပါတယ်။သဒ္ဒါတရားအင်မတန်ထက်သန်တဲ့သူများဆိုရင် ကိုယ့်အတွက်တောင်မချန်ပဲ ရက်ရက်ရောရောလှူဒါန်းတတ်ကြတဲ့သူများလည်း များစွာရှိနေတယ်ဆိုတာ အားလုံးသိကြမှာပါ။

အခုတစ်ခါမှာတော့ ရှားမှရှားတဲ့ စိတ်ထားနဲ့ လှူဒါန်းခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ယောက်အကြောင်းပြောပြချင်ပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာဘက်က စစ်ဘေးရှောင် ဒေါ်ဖေ့သည် တစ်သက်သာ ရှာဖွေပြီး စုစောင်းဝယ်ထားတဲ့လက်ဝတ်ရတနာနဲ့ တူ/တူမ တွေလက်ဆောင်ပေးထားတဲ့ လက်ဝတ်ရတနာ အားလုံးကိုလှူဒါန်းခဲ့ပါတယ်။

မိမိနေထိုင်တဲ့ ရွာဦးကျောင်းက ဘုန်းကြီးကျောင်း စေတီဓမ္မာရုံ ပြုပြင်ဖို့အတွက် ကျောင်းထိုင်ဆရာတော်နှစ်သစ်အလှူဖြင့် လှူဒါန်းလိုက်တယ်ဟုသိရပါတယ်။ဒေါ်ဖေ့ရဲ့ နှစ်သစ်နှစ်ဦးအလှူလို့လည်း ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုသဒ္ဒါတရားထက်သန်းပြီး လှူဒါန်းမှုတွေပြုခဲ့တဲ့ ဒေါ်ဖေ့အတွက် သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: