မဝတ်တတ်တဲ့ပုဆိုးကိုကြိုးစားဝတ်ကာကပ္ပိယလုပ်ပြီး တရားအားထုတ်နေတဲ့ နိုင်ငံခြားသားကြီး

ပုဆိုးကို ကြိုးစား ပမ်းစား ဝတ် ဆရာတော် နှင့်အတူ ဆွမ်းလိုက်ခံကာ ကပ္ပိယလုပ်ပြီး တရားအား ထုတ်နေတဲ့ နိုင်ငံခြားသားကြီး ပုဆိုးကို ကြိုးစား ပမ်းစား ဝတ် ဆရာတော်နှင့် အတူ ဆွမ်းလိုက်ခံကာကပ္ပိယ လုပ်ပြီး တရားအား ထုတ်နေတဲ့ နိုင်ငံခြားသားကြီး ဗုဒ ္ဓဘာသာကို ကြည်ညို သက်ဝင်ပြီး မြန်မာ ဝတ်စုံ ပုဆိုးကို ကြိုးစား ပမ်းစား ဝတ်ကာ ဆရာတော် အနားမှာ ကပ္ပိယ လုပ်နေပြီးတရား အားထုတ် နေတဲ့ ဥရောပ တိုက်သား တစ်ဦး အကြောင်း တင်ပြ ပေးလိုက်ပါတယ်။ ဥရောပတိုက် ကနေ မြန်မာ တို့ရဲ့ လုံချည်ကို ကောင်းစွာ ဝတ်လျက် မြန်မာတွေလို ဆရာတော်ရှေ့မှာဒူးထောက်ထိုင် နေ့စဉ် ဆွမ်းခံလိုက် ဆရာတော်နှင့် အတူ တစ်နပ်သော ဆွမ်းကို စားလျက် ဝိပဿနာကို ဂုဏ်ယူ ဝံ့ကြွားစွာ လာပြီး အားထုတ် နေတာဟာ မြန်မာတို့ အတု ယူသင့် တယ် ဆိုရမလား။

ဘာာလား မသိတော့ဘူး။ ဒီဒါယကာကြီးဟာ ဘုန်းဘုန်း ဥရောပ ရောက်တော့လည်း အီတလီမှာ တရား စခန်း လာဝင်ရင်း ဘုန်းဘုန်းကို စောင့်ရှောက် ပေးပါသေးတယ်။ ဘုန်းဘုန်း သုံးတဲ့ ရေချိုးခန်း အိမ်သာ အထိ သန့်ရှင်းရေး လုပ်ပေးတယ်။

ဘယ်ဘဝက ရေစက် တွေလည်း တော့မသိဘူးပေါ့။ အခုလည်း ဆွမ်းသေချာ ကပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက် လှသော ဘာသာခြား နိုင်ငံကြီးမှ မြန်မာနိုင်ငံကို လာရောက်ပြီးဗုဒ္ဓ ဘာသာကို ကြည်ညို သက်ဝင်ကာ တရားတွေ ကျင့်ကြံ အားထုတ် နေတာဟာ တကယ်ကို ကြည်နူး ဖို့ကောင်းလှပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: