ကိုဗစ်ကာလအတွင်းမှာ လူစုလူဝေးမဖြစ်အောင် ကိုယ်ပိုင်ကားတွေနဲ့ လာကြည့်ရတဲ့ အဆိုတော်တစ်ယောက်ရဲ့ရှိုးပွဲ

ယခု အချိန်မှာ ကိုဗစ်ရောဂါပိုး ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ အချိန်ဖြစ်လို့ နိုင်ငံတော်တော်များများ မှာ အသွားအလာ ကန့်သတ်ခြင်းနဲ့ လူစုလူဝေး မဖြစ်စေဖို့ အတွက်ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေကြပါတယ်နိုင်ငံတော်တော်များများ မှာ လူစုလူဝေးနဲ့ ပြုလုပ်ရတဲ့ ဘာသာရေးအခမ်းအနားများ  ပါတီများ ရှိုးပွဲများ ကို ပိတ်ပင်ထားကြတာဖြစ်ပေမယ့်

တောင်ကိုးရီးယား နိုင်ငံ က နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်တဲ့ Lee Seung Chul ကတော့ လူပေါင်းမြောက်များစွာနဲ့ ရှိုးပွဲ တစ်ခုကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ တယ်လို့ သိရပါတယ်

အဲ့ဒီ ရှိုးပွဲဟာ သမရိုးကျ ရှိုးပွဲတွေလို မဟုတ်ပါဘူး လာကြည့်သူများဟာ ကိုယ်ပိုင်ကား ရှိရမှာဖြစ်ပြီး လူစုလူ ဝေးမဖြစ်အောင် ကားထဲကနေ ကြည့်ရှု အားပေးကြရတာ ဖြစ်ပါတယ်

ကိုဗစ်ကာလ မှာ ရောဂါလည်း ကာကွယ်ပြီးသား ဖြစ်သလို ဖျော်ဖြေရေး အစီအစဥ် ကို လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာကြောင့်  စီစဥ်သူများရဲ့ Idea က တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်တယ် လို့ ပြောလို့ရပါတယ်ဒီ ရှိုးပွဲကိုတော့ တောင်ကိုးရီးယား နိုင်ငံ Gangwon ပြည်နယ်က မြို့လေး တစ်ခုဖြစ်တဲ့ Inje က ကားပြိုင်ကွင်းကြီး ထဲမှာ ကျင်းခဲ့တာ ဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: