ပရိသတ်တွေမမြင်ဖူးသေးတဲ့ (၁၄)နှစ်အရွယ်က အမှတ်တရပုံရိပ်လေးကို ထုတ်ပြလာတဲ့ ဖွေးဖွေး

ပရိသတ်တွေမမြင်ဖူးသေးတဲ့ (၁၄)နှစ်အရွယ်က အမှတ်တရပုံရိပ်လေးကို ထုတ်ပြလာတဲ့ ဖွေးဖွေးမြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဖွေးဖွေးကတော့ ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုရရှိထားသူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုများစွာနဲ့ အနုပညာလောကမှာ ရပ်တည်နေသူတစ်ဦးပါ။ သူမကတော့ သရုပ်ဆောင်ပိုင်းမှာသူမတူအောင် ထူးချွန်တာကြောင့်လည်း အကယ်ဒမီရွှေစင်ရုပ်ထုသုံးခုကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ဟိတ်ဟန်မရှိဘဲ ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရသူဆိုလည်း မမှားပါဘူးနော်။အခုဆိုရင်တော့ ဖွေးဖွေးက လတ်တလောမှာ ပြန့်ပွားလျှက်ရှိတဲ့ ကူးစက်ရောဂါပိုးတွေကြောင့် အလုပ်တွေရပ်နားထားပြီး မိသားစုကိုအချိန်ပေးရင်း အိမ်မှာပဲအနားယူနေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဖွေးဖွေးက ပရိသတ်တွေမမြင်သေးတဲ့ ငယ်ဘဝပုံရိပ်လေးကိုထုတ်ပြလာခဲ့ပါတယ်။အဆိုပါပုံလေးကတော့ သူမ(၁၄)နှစ်အရွယ်က ပုံရိပ်လေးပဲဖြစ်ပါတယ်။ဖွေးဖွေးကတော့ ငယ်ရုပ်မပျောက်သွားဘဲ အခုချိန်ထိ ချစ်စရာကောင်းနေဆဲပါပဲနော်။ပရိသတ်ကြီးအတွက်လည်း ချစ်စရာကောင်းတဲ့ ဖွေးဖွေးရဲ့ ငယ်ဘဝပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: