ဘကြီးဖြစ်သူ ဦးညွှန့်ဝင်းပေးတဲ့ အမွေလက်ဆောင်လေးကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ကျော်ကျော်ဗို

ဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသား ကျော်ကျော်ဗိုကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်နော်။ ကျော်ကျော်ဗိုဟာ အမြဲတမ်း သူ့ရဲ့ အနုပညာအရည်အချင်းတွေကို တိုးတက်အောင် ကြိုးစားနေပြီးပရိသတ်တွေဆီကို အကောင်းဆုံးအနုပညာတွေကိုသာ ချပြတဲ့သူပဲဖြစ်ပါတယ်။ ကာရိုက်တာအတွက် အကောင်းဆုံး ပြောင်းလဲကာ ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့အတွက် လုပ်နိုင်တဲ့ အရာမှန်သမျှကို လုပ်ဆောင်တတ်သူလည်း ဖြစ်ပါသေးတယ်။

သူ့ရဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ချက်တွေဟာ ပီပြင်လွန်းကာ သဘာဝကျလွန်းလို့ အကယ်ဒမီ ထူးချွန်ဆုကို ထိုက်ထိုက်တန်တန်ကို ရရှိခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ ဧပြီလ ၃၀ ရက်နေ့မှာတော့ ကျော်ကျော်ဗိုကတော့ သူ့ရဲ့ဘကြီးဖြစ်သူ မင်သားကြီးဦးညွှန့်ဝင်းဆီကနေ စာအုပ်လေးကိုရရှိတာကြောင့် အဖိုးမဖြတ်နိုင်အောင် ပျော်ရွှင်မိတဲ့ အကြောင်းလေးကို “ကျွန်တော့် ဘဘ ပေးတဲ့အမွေ။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက်တော့ ယုံကြည်အောင် ဖန်ဆင်းနိုင်ဖို့ လမ်းညွှန်ချက်များစွာနဲ့စာအုပ် စာတစ်ကြောင်းချင်းစီကို ဆင့်ပွားပြီး တွေးလို့ရနေစေတာက အရသာပါခင်ဗျာ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ ဘကြီးဖြစ်သူ ညွှန့်ဝင်းရဲ့ “ယုံကြည်အောင် ဖန်ဆင်း” စာအုပ်ကနေ ရရှိတဲ့စာလေးတွေနဲ့ အကြောင်းအရာ

လေးတွေက သူ့အတွက် အနုပညာရှင်တစ်ယောက်အနေနဲ့ ခံစားရတဲ့ ခံစားချက်လေးတွေကို ရေးသားတင်လာခဲ့တာပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရော ဘကြီးဖြစ်သူ ညွှန့်ဝင်းနဲ့ တူဖြစ်သူ ကျော်ကျော်ဗိုတို့ကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: