မြန်မာမိန်းကလေးတစ်ယောက်ရဲ့နှစ်လိုဖွယ် အလှတရားကို ပြသလိုက်တဲ့ မိုးမြင့်သဇင်

စွဲမက်ဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ အလန်းစားမော်ဒယ်မလေး မိုးမြင့်သဇင်ကတော့ အမြဲလိုလို သူမရဲ့အလှတရားတွေကို ယုံကြည်မှုရှိစွာ ချပြတတ်သူတစ်ဦးပါ။ အကယ်ဒမီဗန်းကိုင်တစ်ဦးအနေနဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ခဲ့တဲ့ မိုးမြင့်သဇင်ကတော့ အနုပညာအလုပ်တွေကို နှစ်အတော်ကြာ အနားယူထားပြီး လက်ရှိမှာတော့ ဆက်တိုက်ပြန်လည်လုပ်ကိုင်နေတာတွေ့ရပါတယ်။ လတ်တလောမှာတော့ မိုးမြင့်သဇင်က မြန်မာဆန်ဆန် ဖက်ရှင်လေးနဲ့ အရမ်းလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာတင်ထားတာတွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီတဲ့ မိုးမြင့်သဇင်ရဲ့ ပုံရိပ်တွေက အရမ်းကိုလှရက်လွန်းနေတာပါနော်။

မိုးမြင့်သဇင်ကတော့ သူမရဲ့အလှပုံရိပ်တွေနဲ့အတူ ” ပျော်ရွှင်မူ တွေ က အဝေးမှာ ချီချီ” ဆိုပြီး ချစ်စရာကောင်းအောင်ရေးသားထားတာပါ။


မိုးမြင့်သဇင်ကတော့ အနုပညာအလုပ်တွေကို နှစ်အတော်ကြာ အနားယူထားပြီး လက်ရှိမှာတော့ ဆက်တိုက်ပြန်လည်လုပ်ကိုင်နေတာတွေ့ရပါတယ်။

မော်ဒယ်တစ်ဦးအနေနဲ့ရော သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ ရပ်တည်နေတဲ့ မိုးမြင့်သဇင်ကတော့ လတ်တလောမှာ ဇာတ်ကားတွေလည်း ရိုက်ကူးရင်း အလှပုံတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: