ယောကျ်ားလေး (၁၀) ဦးမွေးပြီးမှ သမီးမိန်းကလေးမွေးနိုင်ခဲ့တဲ့ အမျိုးသမီး

အဲလစ်စစ်အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သား(၁၀) ယောက်မွေးပြီးနောက်မှ (၁၁) ယောက်မြောက်အဖြစ် သမီးမိန်းကလေးတစ်ဦးကို မွေးဖွားနိုင်ခဲ့ကြောင်း shared သတင်းစာမျက်နှာအရ သိရပါတယ်။ အင်္ဂလန်နေ အဲလစ်စစ်ဟာ မနှစ်က ခရစ္စမတ်အကြိုနေ့မှာ သူမမှာ ကိုယ်ဝန်ရှိနေမှန်း သိခဲ့ရတာပါ။ ပထမတော့ သူမမှာ ရှိနေတဲ့ ကိုယ်ဝန်ဟာ ယောကျ်ားလေးပဲ ဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် အာထရာဆောင်းစစ်ပြီး မိန်းကလေးဖြစ်မှန်း သိလိုက်ရတဲ့အခါမှာတော့ အဲလစ်စစ်တို့ ဇနီးမောင်နှံဟာ အရမ်းပျော်သွားခဲ့ပါတယ်။

သူမက “အရမ်းနှစ်သက်စရာကောင်းတဲ့ ခံစားချက်ပါ…”လို့ dailymail ကို ပြောပြပါတယ်။ အဲလစ်စစ်ဟာ သူမအသက် (၂၂) နှစ်မှာ ပထမဆုံး သားဦးလေးကို မွေးဖွားခဲ့ပြီး (၁၅) နှစ်အတွင်းမှာပဲ နောက်ထပ်ယောကျ်ားလေး (၉) ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ (၁၁) ယောက်မြောက် ကိုယ်ဝန်ဟာ မိန်းကလေးဖြစ်နေတဲ့အတွက် လင်မယားနှစ်ယောက်စလုံး ဝမ်းသာသွားခဲ့တာပါ။

 

 

View this post on Instagram

 

#princesslife

A post shared by Mum To Ten Boys and One Girl (@mrsbrett79) on

“အာထရာဆောင်း အဖြေကို စာတိုက်ကနေ ပို့လာတာပါ။ စာရွက်ကို ကြည့်မယ့်ဆဲဆဲတော့ ကျွန်မအရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ မိန်းကလေးလည်းဆိုရော တော်တော်လေးကို အံ့သြသွားခဲ့တာ။ ဆက်တိုက် ယောကျ်ားလေးတွေပဲ မွေးနေတာဆိုတော့ ဖြစ်နိုင်ခြေက (၅၀-၅၀) ပဲ ရှိတယ်လေ။ ကျွန်မတော့ အရမ်းကို အံ့သြသွားခဲ့တာ…” လို့ အဲလစ်စစ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

#tenboys #onegirl #dingwallhighlandsuk

A post shared by Mum To Ten Boys and One Girl (@mrsbrett79) on

သူမဟာ သြဂုတ်လ (၂၇) နေ့မှာတော့ သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပြီး ကင်မရွန်းလို့ အမည်ပေးထားပါတယ်။ ကင်မရွန်းဟာ အဲလစ်စစ်ရဲ့ သားသမီးတွေထဲ အငယ်ဆုံးဖြစ်ပြီး သူမရဲ့အစ်ကိုအကြီးဆုံး အသက်(၁၇) နှစ်အရွယ် ကမ်ဘဲလ်နဲ့ဆိုရင်တော့ အသက်(၁၇) နှစ်လောက် ကွာပါတယ်။ သားတွေ အများကြီးမွေးခဲ့ပြီး သမီးတစ်ယောက်တော့ မလိုချင်ခဲ့ဘူးလားလို့ သူမကို မေးတဲ့အခါမှာတော့

“ကျွန်မတို့ကို လူတော်တော်များများက မေးပါတယ်။ သားတွေ ဒီလောက်အများကြီး။ သမီးမလိုချင်ဘူးလားပေါ့။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် သားမွေးမွေး၊ သမီးမွေးမွေး ကျွန်မအတွက် ကိစ္စတော့ မရှိပါဘူး။ အတူတူပဲ ပျော်ပါတယ်။ တကယ်လို့ ကင်မရွန်းနေရာမှာ သားလေးတစ်ယောက်သာဆိုရင်လည်း ကျွန်မပျော်နေဦးမှာပါ…” လို့လည်း အဲလစ်စစ်က ဆိုခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: