ခင်ပွန်းဖြစ်သူလင်းလင်းနဲ့ နှစ်ယောက်တည်း မန္တလေးမြို့မှာ ပျော်ပျော်ရွှင်ရွှင်လည်ပတ်ခဲ့တဲ့ ချစ်သုဝေ

ချစ်စရာကောင်းပြီး သွက်လက်ချက်ချာလွန်းတဲ့ ချစ်သုဝေက ဂီတလောကမှာသာမက သရုပ်ဆောင်လောကမှာပါ အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်လေး ချစ်သုဝေကို ပရိသတ်တွေက ဒီနေ့ဒီအချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

ချစ်သုဝေက အခုဆိုရင် သမီးနှစ်ယောက်ကို ပြုစုပျိုးထောင်ရင်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။


ချစ်သုဝေရဲ့ ခင်ပွန်းဖြစ်သူ လင်းလင်းကလည်း ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်လွန်းပြီး စိတ်ထားချင်းထပ်တူကျတဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ အားလုံးအားကျရတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ချစ်သုဝေက သူမရဲ့ ခင်ပွန်းလင်းလင်းနဲ့ မန္တလေးမြို့ကြီးမှာ လည်ပတ်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေထားပါတယ်။


ချစ်သုဝေက မန္တလေးမြို့က ပရိသတ်တွေနဲ့လည်း တွေ့ဆုံခဲ့ရပြီး လင်းလင်းနဲ့ မုန့်တွေအတူတူ စားခဲ့ရတာ တော်တော်လေး ပျော်ရွှင်ခဲ့တဲ့ ပုံပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: