အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ် သုံးခု ရခဲ့ပေမယ့် ဝတ်ထားတဲ့ ဖိနပ်ကြောင့် တစ်ကမ္ဘာလုံးက အံ့အားသင့်ခဲ့ရတဲ့ အဖြစ်မှန်

အားကစားသမားတွေအတွက် မိမိနှစ်သက်ရာ အားကစားနည်းတွေ အလိုက် အထောက်အကူပစ္စည်းတွေ လိုပါတယ်…ဥပမာ ဘောလုံးသမားဆိုရင် ဘောလုံးကန်ဖိနပ်..ပြေးခုန်ပစ်သမားဆိုရင် ပြေးတဲ့ဖိနပ်စသဖြင့် လိုအပ်တာပဲ ဖြစ်ပါတယ်…ဒီဘက်ခေတ်မှာ အားကစားပစ္စည်းတွေကလည်း ဈေးကြီးလာတာဖြစ်ပါတယ်။တချို့အားကစားသမားလေးတွေဟ

 

ာ အားကစားဖိနပ်မဝယ်နိုင်လို့ ဖြစ်သလို လေ့ကျင့်နေရတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ ဆိုရမှာပါ.ဒါပေမဲ့ ဒီလိုတန်ဖိုးကြီးတဲ့ ဖိနပ်တွေကို ဝယ်စီးနိုင်တဲ့ အခြေအနေမရှိပေမယ့်လည်း ပြိုင်ပွဲတစ်ခုမှာ မိမိကြိုးစားမှုနဲ့ အောင်မြင်မှုရနိုင်ကြောင်းကို ဖိလစ်ပိုင်က ၁၁ နှစ်သမီးလေးတစ်ဦးက သက်သေပြခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ၊ Balasan မှာနေထိုင်တဲ့ Rhea Bullos လို့ခေါ်တဲ့ သမီးလေးဟာ အပြေးပြိုင်ဖို့အတွက် ဖိနပ်မရှိတာကြောင့် သူမရဲ့ခြေထောက်တွေကို ပတ်တီးတွေနဲ့ ပတ်ပတ်လည်စီးပြီး အားကစားဖိနပ်ပုံစံ စည်းနှောင်ခဲ့ပါတယ်…. ဒါ့အပြင် အဲဒီဖိနပ်ပုံဖြစ်သွားတဲ့ ပတ်တီးတွေပေါ်မှာ ဘောပင်လေးနှင့် ‘Nike ‘ အမှတ်တံဆိပ်ပုံ ရေးဆွဲပြီး အဆိုပါဖိနပ်လေးနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်…သူ့ရဲ့ ပြိုင်ဘက်တွေကတော့ အားကစားဖိနပ်ကိုယ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ…ဒါပေမဲ့ လူသာ ပဓာနဆိုတာကို အဲဒီ သမီးလေးက သက်သေပြသွားပြီး မီတာ ၄၀၀ မီတာ ၈၀၀ နဲ့ မီတာ ၁၅၀၀ ပြိုင်ပွဲ ၃ ခုမှာ ရွှေတံဆိပ်ဆု ၃ ခု ရယူနိုင်ခဲ့ပါတယ်။

ဖိနပ်မရှိပေမယ့်လည်း လူရဲ့ ကြိုးစားမှုက ဘာမဆိုအောင်မြင်နိုင်တာကို သက်သေပြသွားတဲ့ သမီးလေးဟာ အနာဂတ်မှာ ဖိလစ်ပိုင်နိုင်ငံကို ကိုယ်စားပြုပြီး SEA Games ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်လိုတယ်လို့ ဆိုပါတယ်ကြိုးစားမှုနဲ့ အတူ သမီးလေးရဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်..ပရိသတ်ကြီးတို့လည်း မိမိမှာ ပြည့်စုံတာ မပြည့်စုံတာတွေ မတွေးဘဲ လူသာ ပဓာန ဆိုတာ ဒီအဖြစ်အပျက်လေးကြည့်ပြီး ကြိုးစားအားထုတ်အတုယူနိုင်ကြပါစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: